ဇာတ်ကားများ ရွေးရန်

Cyber Heist

2023ဇာတ်ကားအမှတ် 5.1/10111 မိနစ်

ဟောင်ကောင်က နိုင်ငံတကာဆိုက်ဘာလုံခြုံရေးကုမ္ပဏီ ထျန်းကျီမှာ ကျိုးကျားကျွင့်ဆိုတဲ့ တာဝန်ခံနည်းပညာရှင်တစ်ယောက် ရှိပါတယ်။ ကွန်ပျူတာနည်းပညာမှာ ကျွမ်းကျင်တဲ့သူဖြစ်သလို နှလုံးရောဂါရှိတဲ့ သမီးငယ်ကိုလည်း အရိပ်တကြည့်ကြည့် စောင့်ရှောက်နေတဲ့ ဖခင်တစ်ယောက်ပါ။ Aaron Kwok Fu-shing ပါဝင်ထားတဲ့ ၂၀၂၃ ခုနှစ်ထွက် ဇာတ်ကားဖြစ်ပါတယ်။ ဟောင်ကောင်ဘဏ်တွေ အွန်လိုင်းကနေ မကြာခဏ တိုက်ခိုက်ခံရတိုင်း ထျန်းကျီကုမ္ပဏီက ဖြေရှင်းပေးနေရတာ နှစ်တိုင်းလိုလို ဖြစ်နေတယ်။ ဒီလိုအမှုတွေကို ဖြေရှင်းလာရင်း ဘဏ်တွေကို ဟက်ခ်လုပ်နေတဲ့ ကြိုးကိုင်သူဟာ ကုမ္ပဏီအတွင်းကလူ ဖြစ်နေတဲ့အခါ အခြေအနေက ရှုပ်ထွေးလာပါတော့တယ်။ ကျိုးကျားကျွင့်ကိုယ်တိုင်လည်း အဲဒီလူရဲ့ ထောင်ချောက်ထဲ ရောက်သွားပြီး သမီးငယ်ရဲ့ အသက်ကိုပါ ခြိမ်းခြောက်လာကြတယ်။ အထင်လွဲမှုတွေ၊ လှည့်စားမှုတွေကြားမှာ ကျိုးကျားကျွင့်က သူတတ်တဲ့ နည်းပညာတွေနဲ့ ဘယ်လိုတုံ့ပြန်မလဲ၊ သမီးကို ဘယ်လိုကယ်မလဲ၊ နောက်ကွယ်က ကြိုးကိုင်သူကိုရော ဘယ်လိုရင်ဆိုင်မလဲဆိုတာ ဆက်ဖြစ်လာပါတယ်။ ဒီပဟေဠိတွေကို ဖြေရှင်းရာမှာ AI နည်းပညာကို ဘယ်လိုအသုံးချမလဲဆိုတာလည်း တွေ့ရမှာပါ။

ဇာတ်လမ်းအကြောင်း