ဇာတ်ကားများ ရွေးရန်

The Advocate: A Missing Body

2015ဇာတ်ကားအမှတ် 7.3/10117 မိနစ်

ဥပဒေရုံးကြီးတစ်ခုက နာမည်ကျော်ရှေ့နေ ဗြောန်းဟိုဆောင်းဟာ လိုက်သမျှအမှုတိုင်းလိုလို နိုင်အောင်လုပ်ပေးနိုင်သူပါ။ သူ့အတွက်တော့ “အနိုင်ရတာက တရားမျှတမှုပဲ” ဆိုတဲ့ ခံယူချက်ရှိတယ်။ ဆေးဝါးကုမ္ပဏီကြီးတစ်ခုအတွက် အမှုနိုင်အောင် လုပ်ပေးခဲ့ပြီးနောက် ဥက္ကဋ္ဌ မွန်းဂျီဟွန်းရဲ့ ယာဉ်မောင်းကို လူသတ်မှုနဲ့ စွပ်စွဲထားတဲ့အမှုမှာ ရှေ့နေလိုက်ပေးဖို့ ငှားရမ်းခံရပါတယ်။ အလောင်းလည်းမရှိ၊ သက်သေလည်းမရှိတဲ့ အမှုမှာ ဗြောန်းက သူ့အမှုသည် အပြစ်မရှိကြောင်း ထုံးစံအတိုင်း ခုခံချေပပေးတယ်။ အမှုနိုင်တော့မယ့် တရားခွင်နောက်ဆုံးနေ့မှာမှ အမှုသည်က လူသတ်ခဲ့တာ သူပါလို့ ရုတ်တရက် ထဝန်ခံလိုက်တော့ အမှုရှုံးသွားပါတော့တယ်။ အဲဒီနောက် ဗြောန်းဟာ အရှက်တကွဲ ဖြစ်ရရုံတင်မကဘဲ မျက်မြင်သက်သေအတု ဖန်တီးခဲ့တယ်လို့ပါ သံသယဝင်ခံလာရတယ်။ သူ့ဂုဏ်သိက္ခာကို ပြန်ဆယ်ဖို့ အမှုကို ပြန်စုံစမ်းတဲ့အခါ နောက်ကွယ်မှာ သူမထင်ထားတဲ့ ဖြစ်ရပ်တွေ ရှိနေကြောင်း တဖြည်းဖြည်း တွေ့လာရပါတယ်။

ဇာတ်လမ်းအကြောင်း