Killer Elite
၁၉၈၀ ခုနှစ်မှာ ကြေးစားလူသတ်သမားတွေဖြစ်တဲ့ ဒန်နီ၊ ဟန်တာ၊ ဒေးဗီးစ်နဲ့ မိုင်ယာတို့ဟာ လူတစ်ယောက်ကို သတ်ဖို့ မက္ကစီကိုကို ရောက်နေကြပါတယ်။ ဒန်နီက ပစ်မှတ်ကို သတ်ပြီးတဲ့နောက် အနားမှာရှိနေတဲ့ ပစ်မှတ်ရဲ့သားငယ်ကို မြင်လိုက်ရတော့ စိတ်မကောင်းဖြစ်သွားပြီး ကြေးစားလောကကနေ အနားယူလိုက်တယ်။ နှစ်တွေကြာသွားချိန်မှာတော့ အဖမ်းခံထားရတဲ့ ဟန်တာရဲ့ဓာတ်ပုံနဲ့ စာတစ်စောင် သူ့ဆီ ရောက်လာပါတယ်။ ဟန်တာကို ကယ်ဖို့ လိုက်သွားတဲ့ ဒန်နီကို ခက်ခဲတဲ့အလုပ်တစ်ခုက စောင့်နေတယ်။ ရှီကီဆိုတဲ့ ရေနံသူဌေးမှာ သားလေးယောက်ရှိပေမယ့် သုံးယောက်ကို အင်္ဂလန်ရဲ့ SAS အဖွဲ့က သတ်ခဲ့ပြီး သူ့ကိုလည်း နေရပ်ကနေ နှင်ထုတ်ထားခဲ့ပါတယ်။ ရှီကီက သားတွေကို သတ်ခဲ့သူတွေကို လက်စားချေချင်သလို အငယ်ဆုံးသားကိုလည်း နေရပ်ပြန်ရောက်စေချင်တယ်။ ဒါကြောင့် ဟန်တာကို ဓားစာခံထားပြီး ဒန်နီကို ဒီအလုပ်လုပ်ပေးဖို့ အတင်းအကျပ် ခိုင်းတာပါ။ ပစ်မှတ်တွေက လေ့ကျင့်မှုကောင်းကောင်း ရထားတဲ့ SAS အဖွဲ့ဝင်ဟောင်းတွေဖြစ်လို့ ဒန်နီအတွက် လွယ်တဲ့အလုပ်မဟုတ်ဘူး။ ဒါပေမယ့် ဟန်တာလွတ်မြောက်ဖို့ ဒီအလုပ်ကို လက်ခံလိုက်ရပါတယ်။ သူတို့ ဒီအလုပ်ကို ဘယ်လိုလုပ်ကြမလဲ၊ ဒီကိစ္စတွေရဲ့ နောက်ကွယ်မှာ တခြားတစ်ယောက်ယောက် ရှိနေသေးသလားဆိုတဲ့ မေးခွန်းတွေနဲ့ တိုက်ခိုက်မှုတွေကို ဆက်တွေ့ရမှာပါ။ ဒန်နီအဖြစ် Jason Statham နဲ့ ဟန်တာအဖြစ် Robert De Niro တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းအကြောင်း