ဇာတ်ကားများ ရွေးရန်

The Wind That Shakes the Barley

2006ဇာတ်ကားအမှတ် 7.4/10127 မိနစ်

အိုင်ယာလန်လွတ်လပ်ရေးတိုက်ပွဲနဲ့ ပြည်တွင်းစစ်ကို နောက်ခံထားတဲ့ ဇာတ်လမ်းပါ။ နယ်ချဲ့အင်္ဂလိပ်တွေရဲ့ ဖိနှိပ်နှိပ်စက်မှုကို မခံနိုင်တော့တဲ့ အိုင်ယာလန်လူငယ်တွေဟာ ပြန်လည်တိုက်ခိုက်ပုန်ကန်လာကြတယ်။ ပြည်သူတချို့ကလည်း အင်္ဂလိပ်တွေကို အကူအညီမပေးဘဲ ကိုယ့်လူမျိုးတော်လှန်ရေးသမားတွေကို စားစရာနဲ့ နေစရာပေးပြီး ကူညီကြပါတယ်။ ဒါပေမယ့် ရလာတဲ့လွတ်လပ်ရေးက အပြည့်အဝမဟုတ်တဲ့အခါ အချင်းချင်း နိုင်ငံရေးသဘောထားတွေ ကွဲလာကြတယ်။ ငြင်းခုံမှုတွေကနေ ပြည်တွင်းစစ်အထိ ရောက်သွားပြီး အတူတူတိုက်ပွဲဝင်ခဲ့သူတွေကြားမှာပါ ရင်နာစရာတွေ ကြုံလာရပါတယ်။ ဇာတ်ကားနာမည်ကို အိုင်းရစ်ရှ်သူပုန်လေးတစ်ယောက်အကြောင်း သီဆိုထားတဲ့ သီချင်းကနေ ယူထားပြီး ဇာတ်ဝင်ခန်းတစ်ခန်းမှာလည်း အဲဒီသီချင်းကို အသုံးပြုထားတယ်။ ဇာတ်လိုက်ညီအစ်ကိုအဖြစ် သရုပ်ဆောင်ထားသူတွေက အိုင်ယာလန်နိုင်ငံဖွားတွေဖြစ်ပြီး Peaky Blinders ထဲက Cillian Murphy လည်း ပါဝင်ထားပါတယ်။

ဇာတ်လမ်းအကြောင်း