Love Me Not
ဂျူလီအန်းဟာ သူ့ဖောက်သည်အမျိုးသမီးတွေကို ဇာတ်လမ်းအမျိုးမျိုးလုပ်ပြောပြီး သနားအောင်လုပ်ကာ ပိုက်ဆံချူတတ်သူပါ။ ရလာတဲ့ငွေတွေနဲ့ ပျော်ပါးသုံးဖြုန်းရင်း အကြွေးတွေတင်လာပြီး တစ်လအတွင်း ပြန်မဆပ်နိုင်ရင် အသတ်ခံရမယ့်အခြေအနေ ရောက်လာတယ်။ အကြွေးဆပ်ဖို့ ကြံရာမရတဲ့အဆုံး သေဆုံးသွားတဲ့ သူငယ်ချင်းရဲ့မိသားစုအိမ်ကို သွားပြီး အစ်ကိုအဖြစ် ဟန်ဆောင်ဖို့ အကြံထုတ်လိုက်ပါတယ်။ သူ့အကြံက အမွေဆက်ခံမယ့် ညီမဖြစ်သူကို လုပ်ကြံပြီး ငွေရဖို့ပါ။ ဒါပေမယ့် အေးစက်မာကြောတဲ့ မျက်မမြင်မလေးမင်နဲ့ ခံစားချက်တွေ ဖွင့်ဟလာကြတဲ့အခါ ဂျူလီအန်းမှာ သံယောဇဉ်တွေ တွယ်လာတယ်။ အချစ်ကို ပြန်ခင်တွယ်လာပြီး အတူရှိနိုင်ဖို့ ကြိုးစားကြချိန်မှာလည်း ပြဿနာတွေက စောင့်နေပါတယ်။ ယူဂျင်းအဖြစ် အလိမ်အညာနဲ့ ဟန်ဆောင်ထားတဲ့ဘဝကို ဘယ်လိုဆက်သွားမလဲ၊ မင်ကို စောင့်ရှောက်ရင်း ဘာတွေကြုံရမလဲ၊ အကြွေးဆပ်ဖို့ သတ်မှတ်ထားတဲ့ တစ်လအတွင်း ဘဝက ဘယ်လိုပြောင်းလဲသွားမလဲဆိုတဲ့ မေးခွန်းတွေ ရှိနေတယ်။ ဂျပန်ဒရာမာကို ပြန်လည်ရိုက်ကူးထားတဲ့ ကိုရီးယားအချစ်ဒရာမာဖြစ်ပြီး Kim Joo-hyuk နဲ့ My Little Bride၊ Autumn in My Heart တို့က Moon Geun-young တို့ ပါဝင်ထားပါတယ်။ ငွေနဲ့ဝယ်လို့မရတဲ့ အရာတွေရဲ့တန်ဖိုး၊ အဲဒီအရာတွေကို ပိုင်ဆိုင်ခွင့် မကြာခဏမရတတ်တဲ့ဘဝနဲ့ အစားထိုးမရတဲ့ ခံစားချက်၊ အမှတ်တရတွေအကြောင်းကိုလည်း ထည့်သွင်းထားပါတယ်။
ဇာတ်လမ်းအကြောင်း