ဇာတ်ကားများ ရွေးရန်

Operation Nutcracker

2024ဇာတ်ကား

ခရစ္စမတ်ပွဲတော်ရဲ့ အငွေ့အသတ်တွေနဲ့ ခရစ္စမတ်ကို အခြေခံထားတဲ့ အချစ်ဟာသ ဇာတ်လမ်းတွဲလေးတစ်ပုဒ်ဖြစ်ပါတယ်။ ပွဲစီစဉ်သူတစ်ယောက်ဖြစ်တဲ့ လော်တီမော်ဂန်ဟာ တက်ကြွထက်မြတ်ပြီး အရာရာကိုအသေးစိတ်စီစဉ်တတ်တဲ့ အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။ တစ်နေ့ သူမရဲ့အထက်လူကြီးမှ လော်တီရဲ့ဇာတိဘော်စတွန်တွင်ကျင်းပပြုလုပ်မယ့် ရန်ပုံငွေပွဲအတွက် အလုပ်လျှောက်ရန် လော်တီကိုလွှတ်လိုက်ပြီး ပွဲစီစဉ်ခြင်းအောင်မြင်လျှင် ဘော်စတွန်ရုံးခွဲ ခေါင်းဆောင်နေရာပေးမည် ဖြစ်ကြောင်းပါ ပြောလိုက်ပါတယ်။ လော်တီတစ်ယောက် အလုပ်ရသွားသော်လည်း အလုပ်ရှင်၏ သားဖြစ်သူမှာ အိတ်မှားခဲ့၍ လေလံတင်မည့် ပစ္စည်းပျောက်သွားသောအခါလော်တီ နှင့် အလုပ်ရှင်၏သားဖြစ်သူတို့ ပျောက်သွားသောအိတ်ကို ဘယ်လိုပြန်ရှာကြမလဲ။ လေလံပွဲအမီ အိတ်ကိုပြန်တွေ့ပါမလား စသည်ဖြင့် ခရစ္စမတ်ပွဲတော် အငွေ့အသက်လေးတွေရောယှက်နေသော ခရစ္စမတ်အံ့ဖွယ်တွေကိုလည်း ပျော်ရွှင်ကြည်နူးစွာကြည့်ခွင့်ရမည့် အချစ်ဟာသဇာတ်မြူးလေး ဖြစ်ပါတယ်။ File size…(1.4 GB)/(763 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:29:00 Genre... Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Nway Oo K Zaw

ဇာတ်လမ်းအကြောင်း