ဇာတ်ကားများ ရွေးရန်

Infiesto

2023ဇာတ်ကားအမှတ် 6.0/1096 မိနစ်

ကိုရိုနာဗိုင်းရပ်စ်ကြောင့် စပိန်အစိုးရက လော့ခ်ဒေါင်းကာလ ကြေညာဖို့ စီစဉ်နေချိန်မှာ ပြန်ပေးဆွဲခံထားရတဲ့ ကလေးတစ်ယောက် လွတ်မြောက်လာပြီး ဆေးရုံကို ရောက်လာပါတယ်။ ညှဉ်းပန်းနှိပ်စက်ခံထားရတဲ့ဒဏ်ကြောင့် ကလေးရဲ့အခြေအနေက အတော်ဆိုးနေပြီး စကားမပြောနိုင်သလို စိတ်ပိုင်းဆိုင်ရာမှာလည်း ပြင်းပြင်းထန်ထန် ထိခိုက်နေတယ်။ အင်စပတ်တာဆမ်မူရယ်နဲ့ လက်ထောက်စုံထောက်ကတ်စတိုတို့ အမှုကို လိုက်စုံစမ်းပေမယ့် တရားခံကို ရှာတွေ့ဖို့ ခက်နေပါတယ်။ ဒီအမှုဟာ အရင်နှစ်တွေက ဖြစ်ခဲ့တဲ့ ပြန်ပေးဆွဲမှုနဲ့ ကွင်းဆက်လူသတ်မှုတွေနဲ့ ဆက်စပ်နေကြောင်း တွေ့လာရတယ်။ နောက်ထပ် ကျူးလွန်နိုင်တဲ့လက္ခဏာတွေလည်း ရှိနေတာကြောင့် ဆမ်မူရယ်တို့ တရားခံကို အသည်းအသန် လိုက်ဖမ်းကြပါတယ်။ ရဲတပ်ဖွဲ့က တရားခံကို ဖမ်းမိနိုင်မလား၊ တရားခံကရော နောက်ထပ်လူသတ်မှုတွေ ကျူးလွန်သွားနိုင်ဦးမလား။

ဇာတ်လမ်းအကြောင်း