ဇာတ်ကားများ ရွေးရန်

Alcarràs

2022ဇာတ်ကားအမှတ် 6.9/10120 မိနစ်

အဘိုးလက်ထက်ကတည်းက မက်မွန်ခြံစိုက်ပြီး အသက်မွေးလာတဲ့ မိသားစုကြီးတစ်စုကို တစ်နေ့မှာ မြေပိုင်ရှင်အသစ်က ဖယ်ပေးဖို့ ပြောလာပါတယ်။ သူတို့စိုက်ပျိုးလာတဲ့မြေက လက်ရှိမြေပိုင်ရှင်ရဲ့ အဘိုး၊ အဖေတို့ခေတ်ကတည်းက နှုတ်ကတိနဲ့ ပေးစိုက်ထားတဲ့မြေပါ။ စာချုပ်စာတမ်း မရှိခဲ့တော့ အခုလို ဖယ်ခိုင်းလာချိန်မှာ ပိုင်ဆိုင်မှုသက်သေ မပြနိုင်ဘဲ အခက်ကြုံလာကြတယ်။ ဒီမိသားစုရဲ့အကြောင်းကနေ ခေတ်စနစ်၊ လူတန်းစား၊ ဓလေ့ထုံးစံ၊ သဘာဝတရားနဲ့ မိသားစုရေးရာတွေကို ကျေးလက်လူမှုဘဝနဲ့အတူ ပုံဖော်ထားပါတယ်။ ခြံသမားတွေရဲ့ဘဝကို ရိုက်ကူးရာမှာလည်း ဒေသခံတွေနဲ့ သရုပ်ဆောင်အလုပ်ကို အသက်မွေးဝမ်းကျောင်းအဖြစ် မလုပ်သူတွေ ပါဝင်ထားတယ်။ ဘာလင်ရုပ်ရှင်ပွဲတော်ရဲ့ အမြင့်ဆုံးဆုဖြစ်တဲ့ Golden Bear ဆုကို ရရှိထားတဲ့ ဇာတ်ကားပါ။

ဇာတ်လမ်းအကြောင်း