ဇာတ်ကားများ ရွေးရန်

Kingdom II: Far and Away

2022ဇာတ်ကားအမှတ် 6.7/10134 မိနစ်

တစ်မိုးအောက်စစ်သူကြီး ဖြစ်ချင်တဲ့ ရှင်းရဲ့အကြောင်းကို ဆက်ပြထားတဲ့ ဒုတိယမြောက် Kingdom ဇာတ်ကားပါ။ ဒီတစ်ခေါက်မှာ ရှင်းပြည်ထောင်နဲ့ ဂီပြည်ထောင်တို့ကြားက နယ်မြေလုစစ်ပွဲကို အခြေခံထားပြီး ဘာမဆို ရှေ့တန်းက ပါတတ်တဲ့ ရှင်းလည်း စစ်ချီထွက်လာပါတယ်။ ရှင်းက အပြောတော့ ကျယ်ပေမယ့် ကိုယ်ခန္ဓာသေးသေးလေးမို့ အုပ်စုဖွဲ့တဲ့အခါ အဖယ်ခံရပြီး အားအနည်းဆုံးသူတွေနဲ့ တစ်ဖွဲ့တည်း စစ်တိုက်ရဖို့ ဖြစ်လာတယ်။ အဲဒီလူတွေကြားမှာ ဘယ်သူတွေနဲ့ ဘယ်လိုသံယောဇဉ်တွေ ရလာမလဲ၊ စစ်ပွဲမှာ ဘယ်လိုတိုက်ခိုက်သွားမလဲဆိုတာကို ဆက်ပြထားပါတယ်။ နယ်မြေလုစစ်ပွဲထဲက စစ်သူကြီးတွေရဲ့ ဗျူဟာနည်းစနစ်တွေကို ရှင်း ဘယ်လိုသင်ယူသွားမလဲဆိုတာလည်း လိုက်ကြည့်ရမှာပါ။ ၂၀၁၉ ခုနှစ်က Kingdom ရဲ့အဆက်ဖြစ်တဲ့ ဒီဂျပန်အက်ရှင်စွန့်စားခန်းဇာတ်ကားမှာ Alice in Borderland ထဲက အာရိဆုအဖြစ် သရုပ်ဆောင်သူလည်း ပါဝင်ထားပါတယ်။

ဇာတ်လမ်းအကြောင်း