ဇာတ်ကားများ ရွေးရန်

Yeh Raaste Hain Pyaar Ke

2001ဇာတ်ကားအမှတ် 4.7/10150 မိနစ်

ဗစ်ကီနဲ့ ဆာခရှီးတို့က လူတွေကို လှည့်စားပြီး ကားခိုးကြတဲ့ ချစ်သူစုံတွဲပါ။ နှစ်ယောက်စလုံး မိဘမဲ့တွေဖြစ်ပြီး ဆာခရှီးကတော့ ဦးလေးရဲ့မိသားစုနဲ့ ကပ်နေတယ်။ တစ်နေ့ လူမိုက်တစ်ယောက်ကို မတော်တဆ သတ်မိသွားတဲ့အခါ သူတို့နှစ်ယောက်လည်း အသက်အန္တရာယ် ကြုံလာရပါတယ်။ ထွက်ပြေးတိမ်းရှောင်ရင်း လူချင်းကွဲသွားကြပြီး အဲဒီနောက် သူတို့နှစ်ယောက်ရဲ့ဘဝ ဘယ်လိုဆက်ဖြစ်မလဲဆိုတာကို ဇာတ်လမ်းဆက်ထားတယ်။ အဂျေး၊ မာဒူရီးနဲ့ ပရီတီးဇင်ဒါးတို့ အဓိကပါဝင်တဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်ကားဖြစ်ပြီး ဆန်နီဒိုးကလည်း ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ထားပါတယ်။ ချစ်ခြင်းမေတ္တာအပြင် သစ္စာတရားနဲ့ စာနာနားလည်မှုအကြောင်းကိုလည်း ထည့်သွင်းရိုက်ကူးထားပါတယ်။

ဇာတ်လမ်းအကြောင်း