Look up and see joy
မိသားစုတစ်စုကို တာဝန်ယူရတဲ့အခါ ကြုံရတဲ့ အကျပ်အတည်းတွေ၊ ဘိုးဘွားတွေရဲ့ ချစ်ခင်မှုနဲ့ ကလေးတွေရဲ့ ပညာရေးကိစ္စတွေကို ဇာတ်လမ်းလေးခုခွဲပြီး ပြောပြထားတဲ့ မိသားစုဒရာမာပါ။ အလုပ်ထုတ်ခံလိုက်ရပေမယ့် ကံကြမ္မာကို အရှုံးမပေးဘဲ ရှေ့ဆက်ဖို့ ကြိုးစားနေသူတစ်ယောက်ရဲ့ အကြောင်း ပါဝင်ပါတယ်။ နောက်တစ်ဖက်မှာတော့ ဆုံးပါးသွားတဲ့ အဘွားကို လွမ်းရင်း အတိတ်ထဲက မရုန်းထွက်နိုင်ဖြစ်နေတဲ့ အဘိုးရှိတယ်။ သူ့ကို အဘွားနဲ့ ပြန်တွေ့ခွင့်ရစေဖို့ ကွန်ပျူတာနည်းပညာနဲ့ ကြိုးစားပေးနေသူရဲ့ အကြောင်းကိုလည်း တွေ့ရမှာပါ။ အလုပ်အကိုင်အခြေအနေကြောင့် သားကို ကိုယ့်အနားမှာ မထားနိုင်ဘဲ ဘိုးဘွားတွေဆီ အပ်ထားရတဲ့ မိဘတွေရဲ့ အခက်အခဲလည်း ပါသေးတယ်။ ငွေကြေးပြည့်စုံတဲ့ သူဌေးသားတစ်ယောက်ကတော့ အကြောင်းတစ်ခုကြောင့် တောရွာလေးကို ရောက်လာပြီး ကျေးလက်ဘဝမှာ အသားကျဖို့ ကြိုးစားနေရပါတယ်။ မတူတဲ့ ဘဝအခြေအနေတွေမှာ ရောက်နေကြတဲ့ သူတို့ဟာ မိသားစုရဲ့ နွေးထွေးမှုနဲ့အတူ အခက်အခဲတွေကို ကျော်လွှားနိုင်ကြမလား။
ဇာတ်လမ်းအကြောင်း