Inferno
ပါမောက္ခလန်ဂ်ဒန်ဟာ ခေါင်းမှာ ဒဏ်ရာကြီးရထားပြီး ဆေးရုံတစ်ခုမှာ နိုးလာပါတယ်။ သူ့မှတ်ဉာဏ်တွေ ပျောက်ဆုံးနေပြီး မီးလောင်နေတဲ့ ကမ္ဘာကြီးရဲ့ မြင်ကွင်းကလွဲလို့ ဘာကိုမှ သတိမရတော့ဘူး။ ဘာကြောင့် ဆေးရုံရောက်နေတာလဲ၊ အဲဒီမတိုင်ခင် ဘာတွေလုပ်ခဲ့သလဲဆိုတာကိုလည်း မမှတ်မိတော့ပါဘူး။ အတိတ်ကို ပြန်သတိရဖို့ ကြိုးစားနေတုန်းမှာပဲ သူ့ကိုသတ်ဖို့ ကြိုးစားသူတွေအပြင် အစိုးရအဖွဲ့တွေကပါ သူ့နောက်ကို အသည်းအသန် လိုက်နေကြောင်း သိလာရတယ်။ လက်ထဲမှာလည်း ငရဲရဲ့မြေပုံနဲ့ ပဟေဠိတစ်ခု ရှိနေတော့ သူဘာတွေ လုပ်မိခဲ့သလဲဆိုတာ ပိုပြီးသိချင်လာစရာပါ။ လူသတ်သမားတွေလက်ကနေ ထွက်ပြေးရင်း မှတ်ဉာဏ်တွေ တဖြည်းဖြည်း ပြန်ပေါ်လာပြီး သဲလွန်စတွေနောက်ကို လိုက်ကြည့်တဲ့အခါ ဒီပဟေဠိဟာ သူ့တစ်ယောက်တည်းနဲ့ ပတ်သက်နေတာ မဟုတ်တော့ဘူး။ ကမ္ဘာကြီးရဲ့ သေရေးရှင်ရေးပါ မူတည်နေတဲ့အရာ ဖြစ်နေပါတယ်။ Dan Brown ရဲ့ Inferno ဝတ္ထုကို ရုပ်ရှင်အဖြစ် ပြန်ရိုက်ထားပြီး Robert Langdon အဖြစ် Tom Hanks က ဆက်လက်ပါဝင်ထားပါတယ်။ The Da Vinci Code (2006) နဲ့ Angels & Demons (2009) တို့ရဲ့ နောက်ဆက်တွဲဇာတ်ကားပါ။
ဇာတ်လမ်းအကြောင်း