Sakra
မြောက်ပိုင်း စုန့်မင်းဆက် အုပ်စိုးတဲ့ကာလမှာ သူတောင်းစားဂိုဏ်းချုပ် ချောင်ဖုန်းဟာ သိုင်းလောကရဲ့ နာမည်ကျော် သူရဲကောင်းတစ်ယောက်ပါ။ တစ်နေ့မှာတော့ သူဟာ ချီတန်းလူမျိုးဖြစ်ကြောင်း စွပ်စွဲခံရသလို သိုင်းလောကသားတွေကလည်း သစ္စာဖောက်အဖြစ် သတ်မှတ်လာကြတယ်။ ချောင်ဖုန်းဟာ အမှန်တရားကို ရှာဖို့ သူတောင်းစားဂိုဏ်းကနေ ထွက်လာပြီး ခရီးတစ်လျှောက် သူ့အငြိုးအတေးတွေအတွက် လက်စားချေခဲ့ပါတယ်။ အဲဒီခရီးမှာ မုရုံအိမ်တော်က အားကျူးနဲ့ မေတ္တာမျှပြီး နှစ်ယောက်သား သိုင်းလောကမှာ အတူကျင်လည်ကြတယ်။ ဒါပေမယ့် ကံကြမ္မာအလှည့်အပြောင်းတွေ ကြုံလာတဲ့အခါ ချောင်ဖုန်း ဘယ်လိုရင်ဆိုင်မလဲ၊ ချစ်ရသူ အားကျူးရဲ့ နောက်ကွယ်မှာ ဘာတွေရှိနေမလဲဆိုတာ မေးခွန်းဖြစ်လာပါတယ်။ သစ္စာဖောက်လို့ သတ်မှတ်ခံထားရတဲ့ သူ့အတွက် တရားမျှတမှုကို ပြန်ရှာနိုင်မလားဆိုတဲ့ ဒီသိုင်းဇာတ်ကားမှာ Donnie Yan နဲ့ ချန်ယွီချီတို့ ပါဝင်ထားပါတယ်။
ဇာတ်လမ်းအကြောင်း