Serendipity Love
လင်ဟိန်ယွီက ဆေးပညာမေဂျာမှာ မာစတာတက်နေတဲ့ ကျောင်းသားတစ်ယောက်ပါ။ ဖြောင့်မတ်ပြီး စာတော်လို့ ဆရာက အလေးထားသလို သူငယ်ချင်းတွေကလည်း ချစ်ခင်ကြတယ်။ ရှန့်ယန်ကတော့ မိသားစုအခြေအနေကောင်းပြီး ပန်းချီမှာ ပါရမီရှိတဲ့ ပန်းချီမေဂျာကျောင်းသူပါ။ သူတို့နှစ်ယောက်ဟာ ငယ်ငယ်ကတည်းက သိကျွမ်းခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် တစ်ကြိမ်ခွဲခွာခဲ့ရဖူးတယ်။ တက္ကသိုလ်တက်နေတဲ့ သာမန်နေ့တစ်နေ့မှာ သူတို့ ပြန်ဆုံကြပါတယ်။ တစ်ယောက်ကိုတစ်ယောက် နှစ်သက်နေကြတဲ့အတွက် ကိုယ့်ခံစားချက်ကို ဖွင့်ပြောပြီး ချစ်သူတွေ ဖြစ်လာကြတယ်။ ကျောင်းဝတ်စုံဝတ်တဲ့ဘဝကနေ မင်္ဂလာဝတ်စုံဝတ်ရတဲ့နေ့အထိ အတူရှိဖို့လည်း စိတ်ကူးထားကြပါတယ်။ သူတို့စိတ်ကူးသလို လက်ထပ်တဲ့အထိ လက်တွဲနိုင်မလား၊ ဒါမှမဟုတ် ကိုယ့်လမ်းကိုယ်လျှောက်ရဦးမလား။
ဇာတ်လမ်းအကြောင်း