ဇာတ်ကားများ ရွေးရန်

Thugs

2023ဇာတ်ကား122 မိနစ်

စီသူဟာ မိဘမဲ့တစ်ယောက်ပါ။ အဖေဆုံးသွားတဲ့နောက် အဖေ့သူဌေး အန်နာချီက သူ့ကို အဖေ့နေရာမှာ စာရင်းကိုင်အဖြစ် ခန့်ထားပေးခဲ့တယ်။ ကာရဲလ်ဆိုတဲ့ မိန်းကလေးကို မြင်မြင်ချင်း ချစ်မိသွားတဲ့အခါ စီသူ့ဘဝမှာ ပျော်ရွှင်စရာတစ်ခု ရလာပါတယ်။ ဒါပေမယ့် သူတို့အချစ်ရေးထဲကို ဝင်နှောင့်ယှက်လာသူက သူဌေးရဲ့ လူယုံဖြစ်သူရဲ့ညီ ပက်ချက်ရန်ပါ။ ကာရဲလ်ကို အမျိုးမျိုးလိုက်နှောင့်ယှက်နေတဲ့ ပက်ချက်ရန်ကို စီသူက ဒေါသနဲ့ သတ်မိပြီး ထောင်ကျသွားတယ်။ ထောင်ထဲမှာတော့ ဆရာကြီးတစ်ယောက်နဲ့ ပေါင်းမိကာ ချစ်ရသူကို ပြန်ရှာဖို့ ထောင်ဖောက်ပြေးနိုင်အောင် ကြိုးစားပါတော့တယ်။ စီသူအဖြစ် Hridhu Haroon သရုပ်ဆောင်ထားပြီး နောက်ကြောင်းပြန်ဇာတ်ကွက်တွေကို သုံးကာ ဒရာမာနဲ့ အက်ရှင် ရောစပ်တင်ဆက်ထားတဲ့ ဇာတ်ကားပါ။

ဇာတ်လမ်းအကြောင်း