Dead Shot
၁၉၇၀ ခုနှစ်ကို နောက်ခံထားတဲ့ ဒီဇာတ်လမ်းမှာ အိုင်းရစ်ရှ် ရာဇဝတ်ပြေး မိုက်ကယ် အိုဟာရာဟာ Irish Republican Army ကို စိတ်ကုန်လာပြီး နေ့စေ့လစေ့ ကိုယ်ဝန်ရှိနေတဲ့ ဇနီးနဲ့အတူ ထွက်ပြေးဖို့ ကြိုးစားနေပါတယ်။ ဒါပေမယ့် အိုင်ယာလန်နယ်စပ်တစ်နေရာမှာ SAS အဖွဲ့က အငိုက်ဝင်ဖမ်းတယ်။ မိုက်ကယ်က လက်မတင်လေး လွတ်သွားပေမယ့် ဇနီးဖြစ်သူကတော့ တင်းမာနေတဲ့ အခြေအနေတွေကြားမှာ မတော်တဆ ကျည်သင့်ပြီး သေဆုံးသွားခဲ့ပါတယ်။ ပစ်ခတ်မှုအတွက် တာဝန်ရှိတဲ့ SAS အရာရှိ ဟင်နရီဟာ စစ်ရာဇဝတ်မှုနဲ့ ရင်ဆိုင်ရပြီး အထက်အရာရှိတွေကိုလည်း အားကိုးလို့မရ ဖြစ်နေတယ်။ အဲဒီအချိန်မှာ ဘယ်ကရောက်လာမှန်းမသိတဲ့ လူတစ်ယောက်က ကမ်းလှမ်းချက်တစ်ခုနဲ့ သူ့ဆီလာပါတယ်။ အလုပ်တစ်ခု လက်ခံလုပ်ပေးရင် ထောင်ဒဏ်က လွတ်မယ့်အပြင် စစ်မှုလည်း ဆက်ထမ်းခွင့်ရမယ်ဆိုတာကြောင့် ဟင်နရီဟာ ဘာအလုပ်မှန်း သေချာမသိဘဲ တာဝန်ကျရာ လန်ဒန်ကို သွားလိုက်တယ်။ တစ်ဖက်မှာ မိုက်ကယ်က ဇနီးအတွက် လက်စားချေဖို့ ဟင်နရီ့နောက်ကို အဆုံးအထိ လိုက်မယ်လို့ ဆုံးဖြတ်ထားပါတယ်။ ဒါကြောင့် စိတ်ကုန်ခဲ့တဲ့ IRA နဲ့ ပြန်ဆက်သွယ်ပြီး လန်ဒန်အထိ လိုက်လာတယ်။ လန်ဒန်လမ်းမတွေပေါ်မှာလည်း IRA ရဲ့ လွှမ်းမိုးမှုက တစ်စထက်တစ်စ ကြီးလာပြီး နောက်ဆက်တွဲဒဏ်တွေကို အိုင်းရစ်ရှ်လူမျိုးတွေ ခံစားနေရပါတယ်။ ဟင်နရီလက်ခံထားတဲ့ အလုပ်က ဘာလဲ၊ အဲဒီအလုပ်နဲ့ လက်စားချေဖို့ လိုက်လာတဲ့ မိုက်ကယ်၊ လန်ဒန်က IRA လှုပ်ရှားမှုတွေ ဘယ်လိုဆက်နွယ်နေမလဲဆိုတာ ဆက်ဖော်ပြထားတဲ့ သည်းထိတ်ရင်ဖိုဇာတ်ကားပါ။
ဇာတ်လမ်းအကြောင်း