John Wick: Chapter 4
ကြေးစားလူသတ်သမားလောကမှာ နာမည်ကြီးခဲ့တဲ့ ဂျွန်ဝစ်ဟာ အနားယူပြီး ခွေးလေးတစ်ကောင်၊ ကားတစ်စီးနဲ့ အေးအေးဆေးဆေး နေနေသူပါ။ ဒါပေမဲ့ ဂိုဏ်းခေါင်းဆောင်တစ်ယောက်ရဲ့သားက သူ့အတွက် အဓိပ္ပါယ်ရှိလှတဲ့ ခွေးလေးကိုသတ်ပြီး ကားကိုပါ ခိုးသွားတဲ့အခါ လက်စားချေဖို့ အရင်လောကထဲ ပြန်ဝင်လာခဲ့တယ်။ သူ့မိတ်ဆွေဖြစ်တဲ့ ဘုံနယ်မြေဟိုတယ်ပိုင်ရှင် ဝင်စတန်ကတော့ ဒီလောကထဲ နည်းနည်းလေးပြန်ဝင်မိတာနဲ့ တစ်ကိုယ်လုံးကို ဆွဲချသွားလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။ ဝင်စတန်ပြောသလိုပဲ ဂျွန်ဝစ်ဟာ ပြန်ထွက်လို့မရတော့ဘူး။ လက်စားချေစရာတစ်ခုပြီးတိုင်း နောက်တစ်ခု ထပ်ပေါ်လာပြီး ရုန်းထွက်ဖို့ကြိုးစားလေ ပိုနစ်ဝင်လာလေ ဖြစ်နေတယ်။ နောက်ဆုံးမှာ ကြေးစားလောကကို အုပ်ချုပ်နေတဲ့ အထက်ကောင်စီရဲ့ အလိုအရှိဆုံးရန်သူ ဖြစ်လာခဲ့ပါတယ်။ အပိုင်း ၃ မှာ ဝင်စတန်ရဲ့လက်ချက်ကြောင့် တိုက်ပေါ်က ပြုတ်ကျခဲ့တဲ့ ဂျွန်ဝစ်အတွက် ဒီအပိုင်းမှာ ဘာတွေဆက်ဖြစ်လာမလဲ၊ သူလိုချင်တဲ့ လွတ်လပ်မှုနဲ့ ငြိမ်းချမ်းမှုကို ရနိုင်ပါ့မလားဆိုတာ ဆက်ထားပါတယ်။ ဒီကားကို Chad Stahelski က ရိုက်ကူးထားပြီး ပြင်သစ်မြေအောက်ဘူတာခန်းတွေမှာ အသုံးပြုထားတဲ့ Porte des Lilas ဟာ ရုပ်ရှင်ရိုက်ကူးသူတွေကို ငှားရမ်းဖို့ သီးသန့်ပြင်ဆင်ထားတဲ့ ဘူတာဖြစ်ပါတယ်။ ဇာတ်လမ်းအစက သဲကန္တာရခန်းကိုလည်း အထူးပြုလုပ်ချက်အစား တကယ့်နေရာမှာ သွားရိုက်ထားတာပါ။ Scott Adkins နဲ့ ဒွန်နီယန်းတို့လည်း ပါဝင်သရုပ်ဆောင်ထားကြတယ်။ ပြင်သစ်ရေဒီယိုနာမည်ကိုတော့ တရုတ်သိုင်းလောကကို ရည်ညွှန်းပြီး Wuxia လို့ ပေးထားပါတယ်။ ဇာတ်ကားအဆုံးမှာပါတဲ့ မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံးဆိုတဲ့ သီချင်းကို ဒီကားမှာပါဝင်တဲ့ ဂျပန်မင်းသမီး Rina Sawayama က သီဆိုထားပါတယ်။
ဇာတ်လမ်းအကြောင်း