ဇာတ်ကားများ ရွေးရန်

The Legend of Zorro

2005ဇာတ်ကားအမှတ် 6.1/10129 မိနစ်4K

ဇောရိုးကိုတော့ လူတော်တော်များများသိကြမယ်ထင်ပါတယ်။ တခြားလူတွေအတွက်တော့ ဒီ ဇာတ်ကောင်ကဘယ်လိုလဲမသိပေမယ့် ကျွန်တော့်အတွက်တော့ DC တို့ Marvel တို့က ဟီးရိုးဇာတ်ကောင်တွေ မတိုင်ခင်မှာ ကိုယ့်အတွက် အရင်ဟီးရိုးဖြစ်ခဲ့တဲ့သူပါပဲ။ ဇောရိုးက Batman နဲ့တော့ခပ်ဆင်ဆင်ပါပဲ။ သူကတော့ Duelist ဓါးသမားပုံစံမျိုးဖြစ်သွားတာပေါ့လေ။ မျက်နှာအပေါ်ပိုင်းကို မျက်နှာဖုံးတပ် ဦးထုပ်အဝိုင်းတစ်လုံးနဲ့ rapier ဓါးတစ်ချောင်းဆောင်ထားတဲ့ ခပ်မိုက်မိုက်ပုံစံနဲ့ ဇောရိုးကို အလွမ်းပြေပြန်ကြည့်လို့ရအောင်တင်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကြောင်းလေးမပြောခင်မှာ နည်းနည်းပြောပြပေးချင်တာကတော့ အမေရီကန် ပြည်တွင်းစစ်အကြောင်းပါ။ ပြည်တွင်းစစ်ဟာ တောင်ပိုင်း ကွန်ဖက်ဒရိတ်နဲ့ မြောက်ပိုင်း ယူနီယံ တို့ရဲ့စစ်ပွဲဖြစ်ပါတယ်။ မြောက်ပိုင်းက ကျွန်စနစ်ပပျောက်ရေးဖြစ်ပြီး တောင်ပိုင်းကတော့ ကျွန်စနစ်ကို ဆက်လက်ကျင့်သုံးချင်ကြတဲ့အပိုင်းဖြစ်ပါတယ်။ ဒီကားကိုတော့ ပြည်တွင်းစစ်မဖြစ်ခင် ကာလတစ်ခုမှာ အချိန်ယူထားတာပါ။ ပြည်တွင်းစစ်အကြောင်းကတော့ ဒီလောက်လေးသိထားရင်ကို အဆင်ပြေပါပြီ။ ဒီကားထဲမှာတော့ ဇောရိုးတစ်ယောက် သူ့ရဲ့ပြည်နယ်ဖြစ်တဲ့ ကယ်လီဖိုးနီးယားက ပြည်ထောင်စုထဲ ပါဝင်မှာကို ကူညီပေးနေတာကို တွေ့ရမှာပါ။ ပြီးတော့ ဇောရိုးရဲ့ မိသားစုဘဝကိုလည်း ဒီကားထဲမှာ အသားပေးထားပါတယ်။ ငယ်ဘဝကနေ ရေးတေးတေး မှတ်မိလေ့ရှိတဲ့ ဇောရိုးဟာ ဘယ်လိုလူတစ်ယောက်လည်းဆိုတာ ဒီဇာတ်ကားကိုကြည့်ရင်း ပြန်လည်ခံစားပြီး ကလေးဘဝကိုအလည်သွားလိုက်ကြရအောင်ဗျာ။ File size…(6.7 GB)/ (2.4 GB)/(1.2 GB) Quality….4K HEVC/ Blu-Ray1080p / 720p Format… mp4 Duration…. 02:09:00 Genre... Action, Adventure, Romance, Thriller, Western Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung & Garfield Translated by Alvaro

ဇာတ်လမ်းအကြောင်း