Mudbound
ဒုတိယကမ္ဘာစစ်ကာလ ကျေးလက်လယ်ယာလုပ်ငန်းကို နောက်ခံထားပြီး လူမဲတွေရဲ့ ဖိနှိပ်ခံဘဝကို ပြထားတဲ့ ဇာတ်လမ်းပါ။ စစ်မီးလောင်နေချိန်မှာ လူတွေကလည်း ကိုယ့်စားဝတ်နေရေးနဲ့ ကိုယ့်အပူတွေကြား ရှင်သန်နေကြရတယ်။ အဲဒီထဲမှာ လူဖြူလယ်လုပ်ငန်းရှင်တစ်ယောက်ဟာ လူမဲမိသားစုတစ်စုကို အလုပ်ငှားထားပြီး အနိုင်ကျင့်နေပါတယ်။ စစ်ပွဲပြီးလို့ လူဖြူမိသားစုက ညီငယ် ပြန်ရောက်လာချိန်မှာ လူမဲမိသားစုက သားကြီးလည်း ပြန်လာခဲ့တယ်။ ဘဝအခြေအနေချင်း မတူကြပေမယ့် နှစ်ယောက်စလုံးမှာ စစ်ရဲ့ကြောက်မက်ဖွယ်အတွေ့အကြုံတွေကြောင့် ရလာတဲ့ စိတ်ဒဏ်ရာတွေ ကျန်နေကြတုန်းပါပဲ။ အဲဒီအတွေ့အကြုံတူတွေကြောင့် သူတို့နှစ်ယောက် သူငယ်ချင်းဖြစ်လာကြတယ်။ ဒါပေမဲ့ လူမဲတွေကို နိမ့်ကျသူတွေလို့ သဘောထားတဲ့ လူဖြူတွေက ဒီခင်မင်မှုကို မကြည်ဖြူကြတဲ့အခါ နောက်ဆက်တွဲပြဿနာတွေ ပေါ်လာပါတယ်။ ဒီကားမှာ Carey Mulligan နဲ့ Jason Clarke တို့က လင်မယားအဖြစ် သရုပ်ဆောင်ထားပြီး Garrett Hedlund လည်း ပါဝင်ထားပါတယ်။ Mulligan နဲ့ Clarke တို့ဟာ ဂတ်စ်ဘီဇာတ်ကားမှာလည်း ပါဝင်ခဲ့ဖူးကြသူတွေပါ။
ဇာတ်လမ်းအကြောင်း