ဇာတ်ကားများ ရွေးရန်

Seven Pounds

2008ဇာတ်ကားအမှတ် 7.6/10123 မိနစ်

IMDb......7.6 လူတစ်ယောက်ဟာ 911ကို အရေးပေါ်ဖုန်းခေါ်ဆိုရင်း  သူ့ဆီကို လူနာတင်ကားလွှတ်ဖို့ပြောနေတယ်...သူ့မှာမျက်ရည်တွေလည်းရွှဲလို့. . တစ်ဆက်ထဲသူပြောတဲ့စကားတွေက လူတစ်ယောက်အခန်းထဲမှာ သေကြောင်းကြံစည်မှုလုပ်နေလို့  လူနာတင်ယာဉ်ချက်ချင်းလွှတ်ပေးဖို့ရယ် လိပ်စာရယ်ပေါ့... တစ်ဘက်က မေးတယ်  သေကြောင်းကြံတာဘယ်သူလဲတဲ့ ...အဲ့ဒီမှာ ဖုန်းဆက်တဲ့သူက ဖြေတယ်.. ကျွန်တော်ကိုယ်တိုင်ပါပဲတဲ့.... အဲ့ဒီအခန်းပြီးတော့  ဖုန်းဆက်တဲ့သူဟာ လက်ဆွဲအိတ်တစ်လုံး ကားတစ်စီးနဲ့ လူတစ်ချို့ဆီကိုသွားတယ်..အလုပ်နဲ့ပတ်သက်တာပြောတယ်. .ဒါပေမယ့် သူ့မျက်လုံးတွေထဲမှာ ကြေကွဲဝမ်းနည်းမှုတွေ နောင်တတွေပြည့်နှက်နေတယ်. ..တစ်ခါတစ်ရံ ဖုန်းဆက်ပြီး တခြားသူကို အကြောင်းမဲ့ဆဲဆိုတယ်..အချိန်တော်တော်များများမှာတော့ တခြားသူတွေရဲ့လိုအပ်ချက်ကိုလိုက်ရှာပြီးဖြည့်ဆည်းပေးနေတယ်. ..ကြည့်ရတာ သူလုပ်ချင်တာရဲ့ နောက်ဆက်တွဲအကျိုးဆက်ကို ကောင်းတာဖြစ်မလား ဆိုးတာဖြစ်မလား ဝေခွဲရခက်နေတဲ့ပုံပဲ... ဒီဇာတ်ကားက ပြောရရင် ဇာတ်ကားအလည်လောက်ထိ  Will Smith ဘာလုပ်ချင်တာလဲ ...သူဘာဖြစ်နေတာလဲ လိုက်ဖမ်းနေရတယ်.. .နောက်ပြီးတော့ သူ့ရဲ့သရုပ်ဆောင်မှု...ဒီကားဟာ သူတစ်ယောက်ထဲသရုပ်ဆောင်နေသလားတောင်ထင်နေရတယ်... တခြားနာမည်ကြီးသရုပ်ဆောင်တွေပါပေမယ့် သူ့ရဲ့လွမ်းမိုးမှုကြောင့် မြှုတ်နေသလိုဖြစ်နေတယ်. ..ဒါကြောင့်လည်းသူဟာ အကောင်းဆုံးမင်းသားဆုရခဲ့တဲ့အပြင်  BET Award for Best Actor ဆုကိုပါထပ်မံရရှိခဲ့ပါတယ်.. ..သူဟာသေကြောင်းဘာကြောင့်ကြံရတာလဲ...ပြီးတော့လူတွေကိုဘာလို့လိုက်တွေ့ပြီးကူညီပေးနေရတာလဲ ဆိုတာကို ခံစားကြည့်လိုက်ပါဦး... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Lyric  Lynn  Khant ဖြစ်ပါတယ်... File Size : (850 MB) Quality : Blu-Ray 720p Format…mp4 Duration…02:03:00 Genre : Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by  Lyric  Lynn  Khant Encoded by Phyo Pyae

ဇာတ်လမ်းအကြောင်း