Black Snake Moan (2006)
ငယ်စဉ်က ပထွေးရဲ့အနိုင်ကျင့်မှုကို ခံခဲ့ရတဲ့ မိန်းကလေးတစ်ယောက်ဟာ လိင်စိတ်စွဲလမ်းမှုနဲ့ ရင်ဆိုင်နေရပြီး တစ်မြို့လုံးရဲ့ အထင်သေးစကားတွေကြားမှာ နေထိုင်နေရပါတယ်။ တစ်ဖက်မှာလည်း ဇနီးဖြစ်သူက ကိုယ့်ညီနဲ့ ဖောက်ပြန်သွားလို့ အရှက်ရပြီး လူတွေနဲ့ ကင်းကင်းနေတဲ့ လူ့ဂွစာကြီးတစ်ယောက်ရှိတယ်။ ဒီလူကြီးက မိန်းကလေးရဲ့ဘဝ ပြန်အဖတ်ဆယ်နိုင်ဖို့ ဘယ်လိုကူညီပေးမလဲဆိုတာကို ဇာတ်အိမ်တည်ထားတဲ့ ဒရာမာပါ။ အဖော်အချွတ်ခန်းတွေ များများပါဝင်ပါတယ်။ Christina Ricci၊ Samuel L. Jackson နဲ့ Justin Timberlake တို့ ပါဝင်သရုပ်ဆောင်ထားပြီး Craig Brewer က ဇာတ်ညွှန်းရေးသားရိုက်ကူးထားပါတယ်။ Brewer ဟာ Katy Perry: Part of Me ရဲ့ ပရိုဂျူဆာ၊ The Legend of Tarzan ရဲ့ ဇာတ်ညွှန်းဆရာနဲ့ Coming 2 America ရဲ့ ဒါရိုက်တာလည်း ဖြစ်ပါတယ်။ ဒီကားမှာ ဘလူးစ်ဂီတသမားအဖြစ် သရုပ်ဆောင်တဲ့ Jackson က ကိုယ်တိုင်တီးခတ်သီဆိုရမယ့် သီချင်းတွေအတွက် ခြောက်လလောက် တစ်နေ့ကို ခြောက်နာရီခန့် ဂီတာလေ့ကျင့်ခဲ့ရတယ်။ Ricci ကို သံကြိုးခတ်ထားတဲ့ အခန်းတွေမှာလည်း ၁၈ ပေါင်လေးတဲ့ သံကြိုးအစစ်တွေကို သုံးပြီး ရိုက်ကူးခဲ့ပါတယ်။ Kevin Smith က ဒီကားကို အဲဒီနှစ်ရဲ့ အကောင်းဆုံးရုပ်ရှင်လို့ သတ်မှတ်ခဲ့သလို Jackson အတွက် Pulp Fiction နောက်ပိုင်း အကောင်းဆုံးသရုပ်ဆောင်မှု၊ Ricci အတွက်တော့ သရုပ်ဆောင်သက်တမ်းတစ်လျှောက် အကောင်းဆုံးသရုပ်ဆောင်မှုလို့ ချီးကျူးခဲ့ပါတယ်။
ဇာတ်လမ်းအကြောင်း