Sirf Ek Bandaa Kaafi Hai
အသက်မပြည့်သေးတဲ့ ကောင်မလေးတစ်ယောက်ကို လိင်အမြတ်ထုတ်ခဲ့တဲ့ ဘာသာရေးဆရာတစ်ယောက် တရားစွဲခံရတဲ့အမှုကို အခြေခံထားတဲ့ အိန္ဒိယတရားခွင်ဇာတ်ကားပါ။ အမှုကို ရင်ဆိုင်လျှောက်လဲပေးတဲ့ ရှေ့နေနဲ့ အဲဒီဆရာတို့ရဲ့ အားပြိုင်မှုကို တရားခွင်ထဲက အပြန်အလှန်လျှောက်လဲချက်တွေနဲ့ ဆက်ပြထားပါတယ်။ လူတစ်ယောက်ကို ဘာသာရေးခေါင်းစဉ်အောက်မှာ ရှိနေတယ်ဆိုရုံနဲ့ အမှားအမှန်မခွဲဘဲ ယုံကြည်ကိုးကွယ်မိတဲ့အခါ ဘာတွေဖြစ်လာနိုင်သလဲဆိုတာကိုလည်း ဒီအမှုနဲ့အတူ ပြောထားတယ်။ ဘာသာတရားကို ဗန်းပြပြီး လိင်အမြတ်ထုတ်မှုအကြောင်းကို အဓိကထားသလို နိုင်ငံရေးနဲ့ စီးပွားရေးသမားတွေ ဝင်ရောက်ပတ်သက်လာတာတွေလည်း ပါဝင်ပါတယ်။ ရှေ့နေကတော့ တရားခွင်မှာ အမှန်တရားဘက်က ရပ်တည်ပြီး အပြန်အလှန် ရင်ဆိုင်လျှောက်လဲရပါတယ်။
ဇာတ်လမ်းအကြောင်း