ဇာတ်ကားများ ရွေးရန်

The Incredible Water Monster

2023ဇာတ်ကား76 မိနစ်

ဇီဝဗေဒပါမောက္ခ စုလိယဟာ နိုင်ငံခြားမှာရှိနေတုန်း တျန်းချစ်မြစ်မှာ ရေမိစ္ဆာကြီးတစ်ကောင် ပေါ်လာတဲ့သတင်းကို ကြားရပါတယ်။ ဒီရေမိစ္ဆာနဲ့ သူမအဖေ ပျောက်ဆုံးသွားတာကြား ဆက်စပ်မှုတစ်ခုခု ရှိနိုင်တယ်လို့ ထင်မိတဲ့အတွက် အဖေ့အကြောင်း စုံစမ်းဖို့ အန္တရာယ်များတဲ့ ရွာတစ်ရွာကို တစ်ယောက်တည်း ရောက်လာခဲ့တယ်။ ရွာသားတွေကတော့ သူတို့ရွာမှာ အပန်းဖြေစခန်းဆောက်ဖို့ ရင်းနှီးမြှုပ်နှံသူတွေကို ဖိတ်ခေါ်နေချိန်ဖြစ်လို့ ရေမိစ္ဆာအကြောင်း လာစုံစမ်းသူတွေကို လက်မခံချင်ကြဘူး။ စုလိယလည်း ရွာထဲဝင်တာနဲ့ ဖမ်းဆီးခံရပြီး အမှောင်ခန်းတစ်ခန်းထဲ ပိတ်လှောင်ခံလိုက်ရပါတယ်။ အဲဒီမှာ သူငယ်ချင်းတွေဖြစ်တဲ့ စန်းဟားနဲ့ ချန်လုံတို့ကို မထင်မှတ်ဘဲ ပြန်တွေ့ခဲ့တယ်။ သူတို့ဟာ နယ်မြေငြိမ်းချမ်းဖို့အတွက် ရေမိစ္ဆာနဲ့ တခြားပြင်ပအန္တရာယ်တွေကို ရင်ဆိုင်တိုက်ခိုက်ကြပါတယ်။ ရေမိစ္ဆာကြီးကို နှိမ်နင်းနိုင်ပါ့မလား၊ ဒီသတ္တဝါနဲ့ စုလိယရဲ့အဖေကြားမှာရော ဘယ်လိုပတ်သက်မှုရှိနေတာလဲ။

ဇာတ်လမ်းအကြောင်း