ဇာတ်ကားများ ရွေးရန်

Chandu Champion

2024ဇာတ်ကားအမှတ် 7.0/10142 မိနစ်4K

Chandu Champion (2024) "ချန်ပီယံ" ဒီတစ်ခါမှာဆိုရင် ရီဗျူးကောင်းတွေရထားတဲ့ ကိုယ်ရေးအတ္ထုပတ္တိ အားကစားရုပ်ရှင်လေးကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ် Freddy ရုပ်ရှင်မှာ သွားဆရာဝန်ဆိုပြီး နာမည်ကြီးခဲ့တဲ့ မင်းသား ကာတစ်ခ် ပါဝင်ထားတာ ဖြစ်ပါတယ် ၁၉၅၂ အိန္ဒိယနိုင်ငံလွတ်လပ်ရေးရပြီးနောက်ပိုင်း ဒုတိယအကြိမ်မြောက် ကျင်းပတဲ့ အိုလံပစ်ပြိုင်ပွဲမှာ အိန္ဒိယကိုယ်စားပြု နပမ်းသမား ကာရှာဘာ ကြေးတံဆိပ်ဆုရပြီး ပြန်လာချိန်.... နယ်ဘူတာရုံလေးက အားပေးကြိုဆိုကြတဲ့ လူထောင်သောင်းချီကြားမှာ မူရ်လီ ဆိုတဲ့ကောင်လေးလည်း အပါအဝင်ပေါ့ အဲဒီကစလို့ အိုလံပစ် ချန်ပီယံဖြစ်ရမယ်လို့ ဆုံးဖြတ်လိုက်တဲ့ ကောင်လေး အိမ်က အားမပေးခွင့်မပြုတဲ့ကြားက ရွာက နပမ်းဆရာဆီမှာ ပညာသင် အစွမ်းကုန်ကြိုးစားတယ် တစ်နေ့မှာတော့ အိုလံပစ်ပြိုင်ခွင့်ရဖို့ စစ်တပ်ထဲ ဝင်ဖို့လိုတယ်လို့ လူတစ်ယောက်က သူ့ကိုပြောလာတော့ စစ်တပ်ထဲ ဝင်သွားပါလေရော ဒီကနေ ကံကြမ္မာအလှည့်အပြောင်း အလီလီကျော်ဖြတ်လို့ မလျှော့တဲ့ ဇွဲလုံ့လကြောင့် အိန္ဒိယပထမဆုံး အိုလံပစ် ရွှေတံဆိပ်ရှင်ဖြစ်လာပုံကို ခေတ်အခြေအနေတို့နဲ့ တွဲလျက် တင်ဆက်ထားတဲ့ ရုပ်ရှင်လေးလို့ ညွှန်းလိုက်ပါတယ်ဗျ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size… 8GB / 3.4GB / 1.62GB Quality…4K HEVC WEB DL / WEB DL 1080p / 720p Format…mp4 Duration….2h 22m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team

ဇာတ်လမ်းအကြောင်း