ဇာတ်ကားများ ရွေးရန်

The Consultant

2022ဇာတ်ကား

စိတ်ရောဂါကုဆရာဝန် ဒေးဗစ်ဟာ မကြာသေးခင်က ဇနီးဖြစ်သူ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားလို့ ပူဆွေးနေသူပါ။ ဇနီးသေဆုံးမှုနဲ့ပတ်သက်ပြီး ရဲက သူ့ကို အမှုဖွင့်ခဲ့ပေမယ့် ဇနီးမှာရှိတဲ့ ရောဂါတစ်မျိုးကြောင့် အဆုံးစီရင်ခဲ့တာလို့ သတ်မှတ်ပြီး အမှုကို ပြန်ပိတ်လိုက်ပါတယ်။ ဒီအချိန်မှာ ဂျွန်၊ မိုက်နဲ့ ကိတ်ဆိုတဲ့ လူနာသုံးယောက်က ဒေးဗစ်ဆီ တစ်ယောက်တစ်လှည့် ရောက်လာကြတယ်။ ကိုယ့်အခြေအနေကိုယ် ရင်ဖွင့်ပြောပြကြတဲ့ သူတို့နဲ့ ဆွေးနွေးရင်း ဒေးဗစ်ရဲ့ အကြောက်တရားတွေ ပြန်ပေါ်လာပါတယ်။ သူတို့ပြောနေတဲ့အကြောင်းတွေက ဒေးဗစ်တို့ဇနီးမောင်နှံနဲ့ ဘယ်လိုဆက်စပ်နေတာလဲ။ ဇနီးဖြစ်သူက တကယ်ပဲ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့တာလား၊ ဒီလူငါးယောက်ကြားမှာ ဘယ်သူက မှန်ပြီး ဘယ်သူက မှားနေတာလဲဆိုတဲ့ မေးခွန်းတွေ ရှိလာတယ်။ ဇာတ်ကားက လူငါးယောက်ရဲ့ ပတ်သက်ဆက်နွယ်မှုကို စိတ်ပညာရှုထောင့်ကနေ ဆက်စပ်ပြထားပြီး ဆရာဝန်နဲ့ လူနာတွေကြားက စကားဝိုင်းတွေကို အဓိကထား ဇာတ်လမ်းဖော်ထားပါတယ်။

ဇာတ်လမ်းအကြောင်း