Madrid, 1987
၁၉၈၇ ခုနှစ်၊ အာဏာရှင်စနစ်ကနေ လွတ်မြောက်လာပြီး ဆိုရှယ်လစ်ပါတီ အာဏာရနေတဲ့ စပိန်နိုင်ငံမှာ အစိုးရနဲ့ အလုပ်သမားသမဂ္ဂတွေကြား အားပြိုင်မှုတွေကြောင့် နိုင်ငံရေးတင်းမာနေပါတယ်။ ဒီလိုကာလမှာ အာဏာရှင်ခေတ်အတွင်း ကြီးပြင်းခဲ့တဲ့ ဝါရင့်စာရေးဆရာ မီဂူရယ်လ်နဲ့ ခေတ်သစ်မှာ မွေးဖွားလာတဲ့ အိန်ဂျလာတို့ ဆုံတွေ့ကြတယ်။ အိန်ဂျလာက ကျောင်းစာတမ်းအတွက် မီဂူရယ်လ်ကို အင်တာဗျူးချင်တာပါ။ အဲဒီအတွက် သူတို့နှစ်ယောက် စာရေးဆရာရဲ့ မိတ်ဆွေအိမ်ကို ရောက်လာကြတယ်။ မီဂူရယ်လ်ကတော့ စတွေ့ကတည်းက ပြန်နုပျိုချင်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အိန်ဂျလာကို သူနဲ့အတူအိပ်ဖို့ တဂျီဂျီ တောင်းဆိုနေပါတယ်။ အဲဒီနောက် ရေချိုးခန်းတံခါး ညပ်သွားပြီး နှစ်ယောက်လုံး အထဲမှာ ပိတ်မိသွားကြတယ်။ အင်တာဗျူးလည်း အဲဒီရေချိုးခန်းထဲမှာပဲ စဖြစ်သွားပါတယ်။ တစ်နေ့တာအတွင်း နိုင်ငံရေး၊ ငယ်ဘဝ၊ ရုပ်ရှင်နဲ့ စာပေအကြောင်းတွေ ပြောကြရင်း သူတို့ကြားက မျိုးဆက်ကွာဟမှုကို တဖြည်းဖြည်း မြင်လာရတယ်။ အစမှာ ဘုကန့်လန့်နိုင်တဲ့ လူအိုကြီးအဖြစ် တွေ့ရတဲ့ မီဂူရယ်လ်ကိုလည်း ဒီစကားဝိုင်းတွေကြားမှာ တစ်ခါတလေ သနားစရာ၊ တစ်ခါတလေ ခင်တွယ်စရာလူတစ်ယောက်အဖြစ် မြင်ရပါတယ်။
ဇာတ်လမ်းအကြောင်း