The Eight Mountains
နွေရာသီကျောင်းပိတ်ရက်တစ်ခုမှာ ပီရဲထရိုနဲ့ ဘရူနိုဆိုတဲ့ ကောင်လေးနှစ်ယောက် တောင်ပေါ်ရွာလေးတစ်ရွာမှာ ဆုံကြပါတယ်။ ပီရဲထရိုက မြို့ကြီးရဲ့ မွန်းကျပ်တဲ့ဘဝမှာ ကြီးလာသူဖြစ်ပြီး ဘရူနိုကတော့ တောင်တန်းတွေကြား ပြေးလွှားရင်း လွတ်လွတ်လပ်လပ် ကြီးပြင်းလာသူပါ။ နောက်ခံချင်း မတူပေမယ့် သူတို့ရဲ့ခင်မင်မှုကို အနှောင့်အယှက် မဖြစ်ခဲ့ဘူး။ ကလေးဘဝက စခဲ့တဲ့ ဒီရင်းနှီးမှုဟာ သူတို့နှစ်ယောက်အတွက် တစ်ဘဝစာ သံယောဇဉ်ဖြစ်လာပါတယ်။ အသက်ကြီးလာတာနဲ့အမျှ လျှောက်တဲ့လမ်းတွေ ကွာလာပြီး တစ်ယောက်နဲ့တစ်ယောက် အလှမ်းဝေးသွားကြတယ်။ နှစ်ယောက်ထဲက တစ်ယောက်ရဲ့အဖေ ဆုံးသွားတဲ့အခါမှ ပြန်ဆုံဖြစ်ကြပြီး ဘဝအချိုးအကွေ့တစ်ခုမှာ ပြန်ရင်းနှီးလာကြပါတယ်။ ဒီတစ်ခါတော့ ရေခဲတောင်တွေပေါ်မှာ သူတို့အတူ လုပ်ရမယ့်ကိစ္စတစ်ခု ရှိလာတယ်။ နာမည်တူဝတ္ထုကို ပြန်ရိုက်ထားပြီး ၂၀၂၂ ကိန်းရုပ်ရှင်ပွဲတော်မှာ Jury Prize ရခဲ့တဲ့ ဇာတ်ကားပါ။ တောင်တန်းရှုခင်းတွေကြားမှာ သူတို့နှစ်ယောက်ရဲ့ ခင်မင်မှုနဲ့ ကိုယ့်ကိုယ်ကိုယ် ရှာဖွေမှုကို ဘဝအဆင့်ဆင့်အလိုက် ပြထားတယ်။ ကံဆိုးမှု၊ သဘောထားကွဲလွဲမှုနဲ့ အချိန်ကာလကို ကျော်ဖြတ်လာတဲ့ သူငယ်ချင်းသံယောဇဉ်အပြင် အချိန်မတူခဲ့ရင် ဆက်ဆံရေးတစ်မျိုး ဖြစ်နိုင်မလားလို့ တွေးမိစေတဲ့ သားအဖဆက်ဆံရေးတစ်စိတ်တစ်ပိုင်းကိုလည်း ဖော်ပြထားပါတယ်။
ဇာတ်လမ်းအကြောင်း