Bheed
၂၀၂၀ ခုနှစ်မှာ ကိုရိုနာရောဂါ ကမ္ဘာတစ်ဝန်း ပျံ့နှံ့လာတဲ့အခါ အိန္ဒိယက ရွှေ့ပြောင်းအလုပ်သမားတွေလည်း အကြပ်အတည်းထဲ ရောက်သွားကြပါတယ်။ ရောဂါကူးစက်နေတဲ့ မြို့ကြီးတွေနဲ့ဝေးရာ ကိုယ့်မွေးရပ်မြေ ကျေးလက်ဒေသတွေဆီ ပြန်ချင်ပေမယ့် အိမ်ပြန်ခရီးက မလွယ်တော့ဘူး။ အစိုးရက နိုင်ငံအတွင်း နယ်နိမိတ်တွေ သတ်မှတ်ပြီး ပို့ဆောင်ဆက်သွယ်ရေးကိုပါ ပိတ်လိုက်တဲ့အတွက် အခြေခံလူတန်းစားတွေ ကူရာကယ်ရာမဲ့နေကြတယ်။ ရဲတွေကလည်း ချမှတ်ထားတဲ့ အမိန့်အတိုင်း ဆောင်ရွက်ရင်း ရုန်းရင်းဆန်ခတ်တွေ ဖြစ်လာပါတယ်။ ရွှေ့ပြောင်းအလုပ်သမားတွေ မွေးရပ်မြေဆီ ပြန်ရောက်နိုင်ပါ့မလား၊ လမ်းမှာ ဘယ်လိုအခက်အခဲတွေ ထပ်ကြုံရဦးမလဲ။ Rajkummar Rao ပါဝင်တဲ့ ဒီဒရာမာဇာတ်ကားဟာ ကပ်ရောဂါကာလအတွင်း လူတွေကြုံခဲ့ရတဲ့ အခက်အခဲတွေကို အဖြူအမဲနဲ့ ရိုက်ကူးတင်ဆက်ထားပါတယ်။
ဇာတ်လမ်းအကြောင်း