ဇာတ်ကားများ ရွေးရန်

Mulan: Rise of a Warrior

2009ဇာတ်ကားအမှတ် 7.4/10115 မိနစ်

တရုတ်အမျိုးသမီးသူရဲကောင်းမူလန် အကြောင်းကိုအခြေခံပြီး ရိုက်ကူးထားတဲ့ မူလန်ဇာတ်ကားဟာ 1998 ကထွက်ရှိထားခဲ့တဲ့ Walt Disney က Mulan Animation ဇာတ်ကားနဲ့မတူတဲ့ဖန်တီးချက်တွေနဲ့ တင်ဆက်ထားတာပါ။... နေမကောင်းတဲ့နေတဲ့ဖခင်ရဲ့ကိုယ်စားအတွက် သမီးဖြစ်သူဟွားမူလန်က စစ်မှုထမ်းဖို့အတွက်ယောကျာၤးလေးအယောင်ဆောင်ပြီးစစ်ထဲကိုဝင်ခဲ့ရပါတယ်... ကိုယ်ခံအားကောင်းပြီး တိုက်ရည်ခိုက်ရည်ရှိတဲ့ မူလန်ဟာတပ်ကိုဦးဆောင်နိုင်ရုံမကပဲ တရုတ်သမိုင်းတစ်လျောက်မှာအကျော်ကြားဆုံး မိန်းကလေးစစ်သူကြီးတစ်ယောက်ဖြစ်လာခဲ့ရပါတယ်... တိုက်ပွဲတိုင်းမှာအောင်နိုင်ခဲ့ပေမယ့် ပင်ကိုယ်အခံကမိန်းကလေးဖြစ်နေသောကြောင့် သနားကြင်နာတတ်တဲ့စိတ်နဲ့အကြောက်တရားဟာ သူမအတွက်အားနည်းချက်တစ်ခုလိုဖြစ်လာခဲ့ရပါတယ်... တစ်ခုသောတိုက်ပွဲမှာသူမအားထားရတဲ့ ညီအစ်ကိုတွေကိုဆုံးရှုံးလိုက်ရတဲ့အခါ သူမအတွက်အကြီးမားဆုံးထိုးနှက်ချက်တစ်ခုလိုဖြစ်လာခဲ့ရပါတော့တယ်... ဒီကားရဲ့ အဓိကဇာတ်ကောင် မူလန်နေရာမှာ တရုတ်နိုင်ငံရဲ့နာမည်ကြီးမင်းသမီးတစ်ဦးဖြစ်တဲ့ Zhao Wei ကသရုပ်ဆောင်ထားပါတယ်... ဒီဇာတ်ကားနဲ့ မင်းသမီး Zhao Wei ဟာ 10th Changchun Film Festival : Actress Award 300th Hundred Flowers Award : Best Picture Award & Best Actress Award 19th Shanghai Film Critics Award : Best Actress Award Vietnam DAN Movie Awards : Favorite Actress Award စတဲ့ဆုတို့ကို ရရှိခဲ့ပါတယ်... Rating 6.8 ရရှိထားပြီး တရုတ်နိုင်ငံအမျိုးသမီးစစ်သူကြီးတစ်ယောက်အကြောင်းကို ရိုက်ကူးထားတဲ့ Mulan 2009 ဟာတရုတ်ပြည်သူများအပြင်တခြားနိုင်ငံကလူများကပါ အထူးနှစ်သက်ခဲ့ကြတဲ့တရုတ်အက်ရှင်ကားကောင်းတစ်ခုအဖြစ်ရပ်တည်နိုင်ခဲ့ပါတယ်....။ File size…    2.6 GB /  1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 54m Genre ..... Adventure/Drama/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Cherry Mon

ဇာတ်လမ်းအကြောင်း