ဇာတ်ကားများ ရွေးရန်

Miller's Crossing

1990ဇာတ်ကားအမှတ် 7.5/10115 မိနစ်

မြို့ရဲ့အကြီးဆုံးဂိုဏ်းကို ဦးဆောင်နေတဲ့ Leo ဆီ တခြားဂိုဏ်းခေါင်းဆောင် Caspar က တောင်းဆိုချက်တစ်ခုနဲ့ ရောက်လာပါတယ်။ သူ့ကို သစ္စာဖောက်သွားတဲ့ Bernie ကို သူ့လက်ထဲ အပ်ပေးဖို့ပါ။ ဒါပေမဲ့ Bernie ဟာ Leo ရဲ့ချစ်သူကောင်မလေးရဲ့ မောင်ဖြစ်နေတာကြောင့် Leo က လက်မခံဘဲ ငြင်းလိုက်တယ်။ Leo အယုံကြည်ရဆုံးလူဖြစ်တဲ့ Tom ကတော့ ဒီဆုံးဖြတ်ချက်ကို သဘောမတူပါဘူး။ တခြားဂိုဏ်းခေါင်းဆောင်တစ်ယောက်နဲ့ မကျေမလည်ဖြစ်ရမယ့်အစား Bernie ကို အပ်လိုက်ဖို့ အကြံပေးတယ်။ ဒီကိစ္စကနေ ဂိုဏ်းနှစ်ဂိုဏ်းကြား အာဏာချိန်ခွင်လျှာ ပျက်ယွင်းလာတဲ့အခါ Tom တစ်ယောက် ဘယ်လိုဝင်ထိန်းပြီး ဖြေရှင်းရမလဲဆိုတာ ဆက်တွေ့ရမှာပါ။

ဇာတ်လမ်းအကြောင်း