Batman Beyond: Return of the Joker
DCAU ရဲ့ရွှေခေတ်လို့ ပြောလို့ရတဲ့ ၁၉၉၀ ကနေ ၂၀၀၀ ဝန်းကျင်လောက်မှာ Batman original Animation ကတော်တော်လေးအောင်မြင်တဲ့ခေတ်ပါ။ Batman: Mask of the Phantasm တို့ Batman original series တွေက လူတွေသည်းခြေကြိုက်ပါ ။ အခုဒီဇာတ်လမ်းကလည်း ၁၉၉၉ မှာထွက်ခဲ့တဲ့ Batman Beyond series ကနေဆက်ပြီးထွက်ထားတဲ့ Standalone Movie ပါ။ Batman Beyond ဆိုတာ အနာဂတ် ဂေါ်သမ်မှာ ဘရုစ်ဝိန်းဟာ ဇရာထောင်းလာပြီဖြစ်လို ကိုယ်တိုင် ကာယ အားကိုးပြီးတော့ Batman မလုပ်နိုင်တော့လို့ တယ်ရီမဂ္ဂင်းနစ် ဆိုတဲ့လူငယ်လေးကို ကိုယ်တိုင်သင်ကြားပြီးတော့ ဘရုစ်ကိုယ်တိုင် မော်နီတာနောက်ကနေ ကြီးကြပ်ပေးနေတာပါ။ ဒီနေရာမှာ Batman အသစ်ဟာ ဘရုစ်ရဲ့ ဘတ်မန်းလောက်မကြမ်းတော့မယ့် ဘရုစ်က ဉာဏအားနဲ့ပံ့ပိုးပေးနေတဲ့အတွက် Batman ရဲ့လုပ်ကွက်တွေကိုပိုပြီးပေါ်လွင်စေပါတယ်။ ဒီဇာတ်လမ်းမှာလည်း Batman Voice actor အနေနဲ့ Batman ဆိုရင်သူနဲ့လုံးဝခွဲ မရတဲ့ Kevin Convoy ကသရုပ်ဆောင်ထားပြီး Joker အနေနဲ့ Luke Skywalker မင်းသား Mark Hamill ပါပဲ။ Batman animation မှာ Batman animation အသံသရုပ်ဆောင်လောကမှာ လွမ်းမိုးမှုအရှိဆုံး ဘတ်မန်း နဲ့ ဂျိုကာ အသံကိုပုံဖော်ခဲ့တဲ့ သူနှစ်ယောက်က ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ အနာဂတ်ဂေါ်သမ်မှာ တယ်ရီက Batman အသစ်အဖြစ် လှုပ်ရှားနေတုန်း တစ်ချိန်က Batman ရဲ့ အဓိက ဗီလိန်တစ်ယောက်ဖြစ်တဲ့ Joker က ထူးဆန်းစွာပဲပြန်လည်ပေါ်ပေါက်လာခဲ့ပါတယ်။ ဒါကလုံးဝမဖြစ်နိုင်ဘူးဆိုပေမယ့် နောက်ကွယ်မှာဘယ်လို ဖြစ်နေလဲ အရင် Batman အဟောင်းဖြစ်တဲ့ ဘရုစ်ဝိန်းဆီမှာရော ဘာလျှို့ဝှက်ချက်တွေရှိလဲ ဆိုတာကို ဇာတ်လမ်းအလှည့်ပြောင်းကောင်းကောင်း Dark ဖြစ်တဲ့ ဇ ာတ်လမ်းသွားပုံစံမျိုးနဲ့ တင်ဆက်ပေးထားပါတယ်။ ဒီဇာတ်လမ်းက ဝေဖန်သူတွေအနေနဲ့ Batman: Mask of the Phantasm ထက်တောင်ပိုကောင်သေးတယ်ဆိုပြီး ညွှန်းလောက်တဲ့အထိကိုကောင်းတာပါ။ Rotten Tomatoes မှလည်း 100% ရရှိထားပြီး ဆရာဘတ်ဖန်ဖြစ်ပြီး ဒီ Animation ကိုမကြည့်ရသေးဘူးဆိုရင်တော့ လူဖြစ်ရကျိူးနပ်အောင်ကြည့်လိုက်ပါတော့။ File Size : 1 GB / 690 MB Quality : Bluray 1080p / 720p Running Time : 1hr 16minutes Genre : Animation, Action, Crime Translator : Nikobaby Encoder : Thit San Khant
ဇာတ်လမ်းအကြောင်း