ဇာတ်ကားများ ရွေးရန်

Batman: Gotham by Gaslight

2018ဇာတ်ကားအမှတ် 6.7/1078 မိနစ်

ဒီဇာတ်ကားကတော့ တခြား Batman Animated Live Action ကားတွေနဲ့ယှဉ်ရင် နည်းနည်းထူးခြားပါတယ်။ စူပါဟီးရိုးသိုင်းလောကလေသံနဲ့ ပြောရမယ်ဆိုရင်တော့ နည်းနည်း Deep ပြီး Dark တဲ့ကားမျိုးထဲမှာပါပါတယ်။ Gotham by Gaslight Comic ကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်လမ်းကတော့ ၁၉ ရာစု Victorian Era ကိုအခြေခံထားပြီး ဘယ်သူနဲ့ချချ နိုင်တယ်ဆိုတဲ့ Batman ပုံစံမျိုးမဟုတ်ပဲ Detective Batman တစ်ယောက်ကို အပြည့်အဝခံစားမိစေမှာပါ။ ဂေါ်သမ်မြို့က အပျော်မယ်တွေ ပြည့်တန်ဆာတွေကိုပဲ ပစ်မှတ်ထားသတ်ဖြတ်နေတဲ့ Jack the Ripper ကြောင့် ဂေါ်သမ်မြို့က အမျိုးသမီးတွေဟာ ထိတ်လန့်နေကြပါတယ်။ အောက်ခြေလူတန်းစားတွေ သတ်ဖြတ်ခံရတာဖြစ်တဲ့အတွက် ရဲတပ်ဖွဲ့ကလဲ လူသတ်သမားကို သိပ်ပြီးအရေးတယူမလုပ်ကြပါဘူး။ အဲ့အချိန်မှာ Jack the Ripper အကြောင်း လိုက်စုံစမ်းနေတဲ့ Bruce Wayne နဲ့ Selina Kyle တို့ ဆုံမိပြီး ရန်သူကို အတူရှာဖွေကြပါတယ်။ ဂေါ်သမ်မြို့နေသူအားလုံးကလဲ တစ်ယောက်နဲ့တစ်ယောက် အယုံအကြည် မရှိကြတဲ့အချိန်မှာ Bruce Wayen, Selina Kyle, Commisioner Gordon, Harvey Dent, Dr. Hugo Strange တို့ထဲက ဘယ်သူက ဘယ်သူ့ကို ချောက်ချမလဲ။ ဘယ်သူက ဘယ်သူ့ကိုယုံကြည်သလဲ။ Jack the Ripper ကြီးကရော ဘယ်သူဖြစ်နေမလဲဆိုတာ ဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရှူကြပါလို့ပဲ တိုက်တွန်းလိုက်ပါတယ် အသတ်အပုတ် အက်ရှင်တွေကြီးပဲ ငြီးငွေ့လာတဲ့သူတွေအတွက်တော့ ပရိယာယ်လှည့်ကွက်လေးတွေနဲ့ စုံထောက်ဆန်ဆန် ဇာတ်လမ်းဆင်ထားတဲ့ ဒီဇာတ်ကားက ကြည့်ကို ကြည့်သင့်တဲ့ကားကောင်းတစ်ကားဖြစ်ပါတယ်။ Jack the Ripper က ဘာကြောင့် အပျော်မယ်၊ ပြည့်တန်ဆာတွေကိုပဲ ရွေးပြီး သတ်ဖြတ်တာလဲ၊ ဘာအတွက် သတ်နေတာလဲ ဆိုတဲ့မြုပ်ကွက်လေးတွေအပြင် Bruce Wayne နဲ့ အချစ်တော် Selina Kyle ကိုလဲ အမြင်သစ်နဲ့ ရှူစားရမှာဖြစ်တဲ့ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ ကွီးအာပါ) File Size : (700 MB) and (214 MB) Quality : Blu-Ray 720p Running Time : 1hr 18min Format : Mp4 Genre :Animation, Action, Adventure Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264.DTS-MT Translated by Arkar Phyo Encoded by Thanhtike Zaw

ဇာတ်လမ်းအကြောင်း