ဇာတ်ကားများ ရွေးရန်

Step Up

2006ဇာတ်ကားအမှတ် 6.9/10104 မိနစ်

Channing Tatum နဲ့ Jenna Dewan တို့ ပါဝင်ထားတဲ့ Step Up ဟာ အကကိုအခြေခံထားတဲ့ လူငယ်ဇာတ်ကားတွဲရဲ့ ပထမဆုံးကားပါ။ ဇာတ်လမ်းက မယ်ရီလန်းအနုပညာကျောင်းမှာ တက်နေတဲ့ နိုရာနဲ့ လမ်းပေါ်မှာ သူငယ်ချင်းတွေနဲ့ အချိန်ကုန်နေတတ်တဲ့ တိုင်လာတို့အကြောင်း ဖြစ်ပါတယ်။ နိုရာက အကအတွက် သူ့ဘဝကို ရင်းနှီးမြှုပ်နှံထားတဲ့ ကျောင်းသူတစ်ယောက်ဖြစ်ပြီး သူ့အတွက် အလွန်အရေးပါတဲ့ ကျောင်းရဲ့ Senior Showcase မှာ အကောင်းဆုံး ဖျော်ဖြေနိုင်ဖို့ ပြင်ဆင်နေတယ်။ တိုင်လာကလည်း အကပါရမီရှိပေမယ့် သူငယ်ချင်းတွေနဲ့ လျှောက်လည်ပျော်ပါးနေတဲ့ သာမန်လူငယ်လေးတစ်ယောက်ပါ။ တစ်နေ့ သူတို့အုပ်စု မယ်ရီလန်းကျောင်းထဲ ခိုးဝင်ပြီး ကျောင်းပိုင်ပစ္စည်းတွေကို ဖျက်ဆီးမိရာက တိုင်လာဟာ တရားရုံးက ချမှတ်တဲ့ ပြစ်ဒဏ်အဖြစ် အဲဒီကျောင်းမှာ လူမှုအကျိုးပြုအလုပ် နာရီ ၂၀၀ လုပ်ရပါတော့တယ်။ ကျောင်းပြုပြင်သန့်ရှင်းရေး လုပ်ရင်း တိုင်လာက စိတ်ပါလက်ပါ အကလေ့ကျင့်နေတဲ့ နိုရာကို မကြာခဏ ကြည့်နေတတ်တယ်။ နိုရာဘက်မှာတော့ အတူလေ့ကျင့်ဖို့ လူစားထိုးတစ်ယောက် လိုနေပေမယ့် သင့်တော်သူ ရှာမတွေ့ဖြစ်နေပါတယ်။ နောက်ဆုံး အဲဒီနေရာကို တိုင်လာ ဝင်ကူပေးရာက သူတို့နှစ်ယောက် အတူအကလေ့ကျင့်ဖြစ်လာကြတယ်။

ဇာတ်လမ်းအကြောင်း