ဇာတ်ကားများ ရွေးရန်

Step Up 2: The Streets

2008ဇာတ်ကားအမှတ် 6.7/1098 မိနစ်

Step Up 2: The Streets က ပထမကားထဲက တိုင်လာနဲ့ နိုရာတို့အကြောင်းကနေ တိုင်လာ့ညီမဝမ်းကွဲ အန်ဒီဘက်ကို ပြောင်းပြောထားပါတယ်။ တိုင်လာလည်း ဧည့်သည်သရုပ်ဆောင်အဖြစ် ပြန်ပါလာပြီး မုစ်ဆိုတဲ့ ဇာတ်ကောင်ကို ဒီကားမှာ စတွေ့ရမှာပါ။ Step Up ဇာတ်ကားတွဲမှာ ဟစ်ဟော့၊ ဖရီးစတိုင်နဲ့ လမ်းဘေးအကတွေကို လူငယ်တွေရဲ့ လွတ်လပ်မှုနဲ့ ရွေးချယ်မှုတွေ ဖော်ပြဖို့ အသုံးပြုထားသလို ဒီကားမှာလည်း အဲဒီအကတွေကို အခြေခံထားပါတယ်။ အန်ဒီက လမ်းဘေးဖရီးစတိုင်အကကို ကျောင်းလစ်ပြီး သွားကရလောက်အောင် ဝါသနာကြီးတဲ့ ကောင်မလေးပါ။ အမေက ကင်ဆာနဲ့ ဆုံးသွားလို့ အမေ့သူငယ်ချင်းရဲ့ အုပ်ထိန်းမှုအောက်မှာ နေနေရပေမယ့် ပြောစကားနားမထောင်ဘဲ ပြန်အာခံတတ်တယ်။ အုပ်ထိန်းသူက မထိန်းနိုင်တော့လို့ နယ်ပို့ဖို့ စီစဉ်လာတဲ့အခါ မယ်ရီလန်းအကကျောင်းတက်မယ်ဆိုရင်တော့ နယ်မပို့ဘူးဆိုတဲ့ အခြေအနေကြောင့် အန်ဒီလည်း မတက်ချင်တက်ချင်နဲ့ ကျောင်းတက်လိုက်ရပါတယ်။ ဒါပေမဲ့ သူ့မူလအကအဖွဲ့က လမ်းဘေးအကနဲ့ ဘဲလေးအက မတူဘူးဆိုပြီး သူကျောင်းတက်တာကို မကျေမနပ်ဖြစ်ကြရာက အဖွဲ့ထဲကနေ ထုတ်လိုက်ကြတယ်။ အန်ဒီကလည်း လက်ရှိကျောင်းထဲက အကပါရမီရှိသူတွေကို ရှာစုရင်း အဖွဲ့အသစ်ဖွဲ့လိုက်ပါတယ်။ သူတို့ရဲ့ရည်မှန်းချက်က The Streets လို့ခေါ်တဲ့ လမ်းမအကပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ပါ။ အဖွဲ့သစ်နဲ့ ပြိုင်ပွဲဝင်ဖို့ ကြိုးစားရင်း ဘယ်လိုအခက်အခဲတွေ ကြုံရမလဲဆိုတာ ဆက်ကြည့်ရမှာဖြစ်ပြီး မုစ်ရဲ့ မိုးရေထဲက အကခန်းနဲ့ ဇာတ်ဝင်တေး Low တို့လည်း ဒီကားမှာ ပါဝင်ပါတယ်။

ဇာတ်လမ်းအကြောင်း