ဇာတ်ကားများ ရွေးရန်

Fist of Legend

1994ဇာတ်ကားအမှတ် 7.5/10103 မိနစ်

ဒီကားလေးကတော့ ဂျက်လီရဲ့ဇာတ်ကားဟောင်းလေးတွေထဲမှာမှ လူသိများပြီး အခုခေတ်အထိကိုရေပန်းစားနေဆဲဖြစ်တဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်ဗျ။ ဇာတ်လမ်းလေးရဲ့အကြောင်းအရာကတော့ ချန်ကျန်လို့ခေါ်တဲ့ ကောင်လေးတစ်ယောက်ဟာ တရုတ်ပြည်ကနေဂျပန်ကို ပညာတော်သင်ကျောင်းသားအဖြစ် သွားရောက်သင်ယူနေတယ်။တစ်နေ့မှာ သူ့ရဲ့ကွန်ဖူးဆရာ ရှီးဖော်ဟုံယွမ်ဟာ စိန်ခေါ်ချပွဲတစ်ခုမှာ အသက်ဆုံးရှုံးသွားလိုက်ရတယ်လို့ သတင်းကြားလိုက်ရတယ်။ဒါနဲ့ပဲ ချန်ကျန်ကတော့ ဂျပန်ကနေတရုတ်ပြည်ကို အလောတကြီးပြန်လာပါလေရော။ သူ့ဆရာဖွင့်ထားခဲ့တဲ့ ဂျင်ဝူမန်ဆိုတဲ့ ကွန်ဖူးသင်တန်းကျောင်းဟာ ဦးဆောင်သူလည်းမဲ့ရော ဘေးချင်းပြိုင်ဖက်တွေက သိမ်းယူဖို့ကြိုးစားလာကြတယ်။တစ်ချိန်တည်းမှာပဲ ဂျပန်တွေဟာ အဲ့နားတစ်ဝိုက်မှာ ကာရာတေးသင်တန်းကျောင်းကြီးဖွင့်ပြီး ဂျပန်ပိုင်နက်လိုဆိုပြီးတော့ မင်းတစ်ပါးလိုအုပ်စိုးနေတယ်။ဒါတွေဟာ အပေါ်ယံသာသာပဲရှိပြီး ဂျပန်စစ်တပ်ဟာ တရုတ်ပြည်ကိုသိမ်းဖို့ နောက်ကွယ်ကနေကြိုးကိုင်နေကြတယ်။ချန်ကျန်ဟာ ဒီလိုမျိုးအခက်အခဲတွေကို ရင်ဆိုင်ရမှာဖြစ်ပြီး သူ့ဆရာကတကယ်ပဲ စိန်ခေါ်ပွဲမှာ အသတ်ခံလိုက်ရတာလား ဘာလျှို့ဝှက်ချက်တွေများရှိနေသေးလဲ ဂျပန်တွေနဲ့ရော ဘယ်လိုဆက်စပ်နေမလဲဆိုတာကို ဖြေရှင်းဖို့ကြိုးစားရင်း ရုန်းကန်ရပုံကို အားလုံးပဲကြည့်ရှုစောင့်စားလိုက်ကြရအောင်။ File size…(1.5 GB)/(770 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:43:00 Genre... Kung Fu, Action, Drama, Martial Subtitle….Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း