ဇာတ်ကားများ ရွေးရန်

I'm No Longer Here

2019ဇာတ်ကားအမှတ် 7.8/10112 မိနစ်

မက္ကဆီကိုနိုင်ငံ မွန်တာရေးမြို့မှာ Terkos လို့ခေါ်တဲ့ လမ်းပေါ်လူငယ်ဂိုဏ်းလေးတစ်ခု ရှိပါတယ်။ သူတို့ဘဝမှာ အရေးအကြီးဆုံးက ကမ်ဘီယာလို့ခေါ်တဲ့ အကနဲ့ဂီတပါ။ လက်တင်အမေရိကနိုင်ငံတွေမှာ ခေတ်စားတဲ့ ဒီအကဟာ မွန်တာရေးမြို့မြောက်ပိုင်းမှာလည်း လူကြိုက်များပြီး အဲဒီအကအတွက် သီးသန့်ဂီတနဲ့ ဒါကိုပဲ စွဲစွဲမြဲမြဲ နှစ်သက်သူတွေလည်း ရှိကြတယ်။ Terkos အဖွဲ့သားတွေကတော့ ကမ်ဘီယာကိုပဲ သူတို့ဘဝလို့ သဘောထားကြတဲ့ လူငယ်တွေပါ။ အကပွဲတွေ၊ ပါတီတွေတက်ရင်း နေ့ရက်တွေကို ကုန်ဆုံးကြတယ်။ သူတို့ယူဆထားတဲ့ ကမ်ဘီယာစတိုင်အတိုင်း ဝတ်စားကြ၊ ဆံပင်ပုံဖော်ကြပြီး အချင်းချင်း ကြွားဝါရတာကိုလည်း ဂုဏ်ယူပျော်ရွှင်နေကြပါတယ်။ တစ်နေ့ မူးယစ်ဂိုဏ်းတစ်ဂိုဏ်းနဲ့ မတော်တဆ ငြိမိရာက အသက် ၁၇ နှစ်အရွယ် အဖွဲ့ခေါင်းဆောင် အူလိစေးစ်နဲ့ သူ့မိသားစုအတွက် အသက်အန္တရာယ် ရှိလာတယ်။ အူလိစေးစ်လည်း အမေရိကကို ထွက်ပြေးရပါတော့တယ်။ ရွှေ့ပြောင်းအလုပ်သမားတစ်ယောက်အဖြစ် နေရာသစ်မှာ အသားကျအောင် ကြိုးစားပေမယ့် သူ့အဖွဲ့နဲ့ သူမြတ်နိုးတဲ့ ကမ်ဘီယာယဉ်ကျေးမှုကနေ ဝေးနေတာကို မပျော်နိုင်ဘူး။ ကိုယ့်ကိုယ်ကိုယ် မေးခွန်းတွေထုတ်ရင်း အိမ်ပြန်နိုင်ဖို့ပဲ တမ်းတနေတယ်။ လူတိုင်းမှာ အမေရိကန်အိပ်မက် ရှိနေတာမဟုတ်ဘူးဆိုတဲ့ အမြင်ကိုလည်း သူ့ရဲ့နေ့ရက်တွေကနေ ဖော်ပြထားပါတယ်။ ဇာတ်ကားအဆုံး ခရက်ဒစ်တက်ချိန်မှာတော့ ဒီကားအတွက် သရုပ်ဆောင်ရွေးချယ်စဉ်က ဗီဒီယိုတွေကို ထည့်ပေးထားပါတယ်။

ဇာတ်လမ်းအကြောင်း