ဇာတ်ကားများ ရွေးရန်

The Bravest

2019ဇာတ်ကားအမှတ် 7.2/10118 မိနစ်

၂၀၁၉ခုနှစ်က ထွက်ရှိခဲ့တဲ့ မင်းသားကြီးHuang Xiao Ming, မင်းသမီးYang Ziနဲ့ မင်းသား Du Jiang နဲ့ Ou Haoတို့ပါဝင်ထားတဲ့ DaLian 7.16 မီးလောင်မှုဖြစ်ရပ်မှန်ကို အခြေခံပြီး မီးသတ်ရဲဘော်တွေကိုဂုဏ်ပြု ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးပဲဖြစ်ပါတယ်။ ပင်းကန်ဆိုတဲ့မြို့ကြီးရဲ့ ရေနံသိုလှောင်ရုံကြီးမှာ မီးလောင်မှုနဲ့အတူ အရမ်းကိုပြင်းထန်တဲ့ ပေါက်ကွဲမှုကြီးဖြစ်ခဲ့ပါတယ်။ အဲဒီသိုလှောင်ကန်ကြီးနားမှာ မီးလောင်လွယ်တဲ့ ရေနံတန်ချိန်ပေါင်းများစွာရှိနေရုံတင်မကပဲ အဆိပ်ငွေ့ပြင်းထန်တဲ့ ဓာတုဗေဒလှောင်ကန်တွေပါရှိနေတာကြောင့် သိုလှောင်ကန်တွေသာဆက်တိုက်ပေါက်ကွဲမယ်ဆိုရင် တစ်မြို့လုံးပျက်စီးသွားနိုင်သလို အိမ်နီးချင်းနိုင်ငံတွေကိုပါ အဆိပ်ငွေ့တွေပျံ့သွားနိုင်တဲ့ ကမ္ဘာ့ကပ်ဘေးကြီးတစ်ခုဖြစ်သွားမှာပဲဖြစ်ပါတယ်။ ဒီမီးဘေးအန္တရာယ်ကြီးထဲကို မီးသတ်အဖွဲ့ခေါင်းဆောင် ကျန်းလိဝေနဲ့ မီးသတ်တပ်ရင်းမှရဲဘော်တွေကို ချက်ချင်းဆိုသလိုဌာနကနေစေလွှတ်လိုက်ပါတယ်။ မီးလောင်ပြင်ကိုရောက်သွားတဲ့ အခါမှာတော့ ရေဖိအားမလုံလောက်မှု၊ ပိုက်လိုင်းတွေက အလိုအလျောက်ပိတ်မရတဲ့ ရေနံစီးဆင်းနေမှုတွေနဲ့ အပူချိန်ဒီဂရီပေါင်းများစွာ မြင့်တက်နေတဲ့ ငရဲခန်းလိုမီးလောင်ပြင်ကြီးက သူတို့ကိုစောင့်ကြိုနေပါတယ်။ မြို့သူမြို့သားတွေ ထိတ်လန့်တကြားထွက်ပြေးဖို့ ကြိုးစားနေကြတဲ့အချိန်မှာ မီးသတ်သမားတွေက ပြည်သူတွေဘေးကင်းဖို့အတွက် မီးလျှံတွေကြား တစ်လှမ်းချင်းတိုးဝင်ပြီး အဘက်ဘက်ကနေအစွမ်းကုန် နည်းမျိုးစုံကြိုးစားကြခဲ့ပြီး အသက်ကိုပါစတေးသွားတဲ့ ရဲဘော်တွေရဲ့ သတ္တိနဲ့စိတ်ဓာတ်ကို ပုံဖော်ပြသွားတာပဲဖြစ်ပါတယ် Filesize : 3.41 GB / 1.71 GB Quality : WEB-DL 1080p HEVC , 720p HEVC Format : mp4 Genres : Drama and Action Runtime : 1h 58 min Subtitle : Myanmar Subtitle ( Hardsub )

ဇာတ်လမ်းအကြောင်း