ဇာတ်ကားများ ရွေးရန်

Kukira Kau Rumah

2022ဇာတ်ကားအမှတ် 6.3/1090 မိနစ်

ငယ်ကတည်းက ပေါင်းလာတဲ့ သူငယ်ချင်းတွေနဲ့ပဲ နီးနီးကပ်ကပ် နေဖြစ်တဲ့ မိန်းကလေးတစ်ယောက် ရှိပါတယ်။ သူဟာ စိတ်ကျန်းမာရေးပြဿနာတစ်ခုကို ခံစားနေရတာကြောင့် ပတ်ဝန်းကျင်ကလူတွေကလည်း အရိပ်တကြည့်ကြည့်နဲ့ စောင့်ရှောက်ပေးနေကြတယ်။ သူနဲ့ ဆုံတွေ့လာတဲ့ လူငယ်လေးကတော့ ဂီတကို စိတ်ဝင်စားပြီး တစ်ယောက်တည်း သီးသန့်နေတတ်တဲ့ ဂီတာသမားပါ။ ထူးထူးခြားခြားမဟုတ်တဲ့ တွေ့ဆုံမှုတစ်ခုကနေ နှစ်ယောက်သား ခင်မင်သွားကြပြီး လူငယ်တွေလို အတူပျော်ရွှင်ရတဲ့ အချိန်တွေ ရလာကြပါတယ်။ Amigdala တီးဝိုင်းရဲ့ Kukira Kau Rumah (I Thought You Were Home) သီချင်းကို ရုပ်ရှင်အဖြစ် ပုံဖော်ထားတာပါ။ မူရင်းသီချင်းရဲ့ အေးအေးဆွေးဆွေး ခံစားချက်အတိုင်း ဇာတ်လမ်းကို တင်ဆက်ထားပြီး သူတို့နှစ်ယောက်ရဲ့အကြောင်းကို Acoustic ဂီတတွေနဲ့အတူ ပြောပြထားပါတယ်။

ဇာတ်လမ်းအကြောင်း