ဇာတ်ကားများ ရွေးရန်

10x10

2018ဇာတ်ကားအမှတ် 5.3/1086 မိနစ်

၁၀ ပေပတ်လည်အခန်းလေးတစ်ခန်းထဲမှာ အမျိုးသမီးတစ်ယောက်ရှိတယ်။ အပြင်မှာတော့ ယောကျ်ားတစ်ယောက်က လွန်ခဲ့တဲ့ ၄ နှစ်က သတင်းတစ်ပုဒ်ကိုပဲ ထပ်ခါထပ်ခါ နားထောင်နေတယ်။ တစ်ခါတစ်လေကျ သူ့မိသားစုဗီဒီယိုမှတ်တမ်းလေးတွေပြန်ကြည့်တယ်။ အခန်းထဲက အမျိုးသမီးက မေးခွန်းတစ်ခုကိုပဲ ထပ်ခါထပ်ခါဖြေနေရတယ်။ ဒါပေမယ့် သူဖြေလိုက်တိုင်း အလိမ်အညာတွေကြီးပဲဖြစ်နေတယ်။ ဘာဖြစ်လို့လဲ? အတိတ်ကနေ မရုန်းထွက်နိုင်သေးတဲ့ လင်ယောကျ်ားတစ်ယောက်နဲ့ ဘဝသစ်တစ်ခုကို စတင်နေတဲ့ မိန်းမတစ်ယောက် ဒီ ၁၀ပေပတ်လည်အခန်းလေးထဲမှာ သူတို့နှစ်ယောက်လုံးကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုကို ရှင်းတမ်းထုတ်ကြတဲ့အခါ ဘယ်သူက မှားခဲ့တာလဲ၊ ဘယ်သူက မှန်သလဲ၊ တကယ်အပြစ်တင်ရမှာ ဘယ်သူလဲဆိုတာ Jigsaw Puzzle တစ်ခုလိုပဲ တဖြေးဖြေးရုပ်လုံးပေါ်လာပါတော့တယ် ကိုယ်ချစ်ရတဲ့လူတစ်ယောက်ကို ဆုံးရှုံးလိုက်ရတဲ့အခါ ဒီဇာတ်ကားထဲက ယောကျ်ားလိုဖြစ်လာမှာလား မိန်းမလိုဖြစ်လာမှာလားဆိုတဲ့ စဉ်းစားစရာလေး ချန်ထားပေးနိုင်ခဲ့တဲ့ ရုပ်ရှင်ကားကောင်းတစ်ကားပါ။ ဇာတ်အိမ်ကို သေချာမပြောပြရတဲ့အကြောင်းအရင်းကတော့ ဒီဇာတ်အိမ်တစ်ခုလုံးက ရုပ်ရှင်တစ်ကားလုံးရဲ့ မြုပ်ကွက်အကြီးကြီးဖြစ်နေလို့ပါပဲ။ နာမည်ကျော်မင်းသား Luke Evans ပါဝင်သရုပ်ဆောင်ထားပြီး Psycho နည်းနည်းဆန်တဲ့အက်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ အာကာဖြိုးပါ) File Size : (700 MB) and (300 MB) Quality : WEB-DL 720p Running Time : 1hr 32min Format : Mp4 Genre : Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 720p.WEB-DL.X264.AC3-EVO Translated by Arkar Phyo Encoded by Thanhtike Zaw

ဇာတ်လမ်းအကြောင်း