ဇာတ်ကားများ ရွေးရန်

Gangster Land

2017ဇာတ်ကားအမှတ် 5.4/1090 မိနစ်

အခု၂၀၁၇ထွက်ဂိုဏ်းစတားကားလေးတစ်ကားဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့၁၉၂၀ခုနှစ်နောက်ပိုင်း တန်ခိုးထွားခဲ့တဲ့လူမိုက်ဂိုဏ်းတွေကြားက ပြိုင်ဆိုင်မှုရက်စက်မှု၊ နယ်မြေချဲ့ထွင်မှု၊ တွေကိုနောက်ခံထားပြီး လူငယ်လေးတစ်ယောက်ရဲ့ ဘဝတစ်ဆစ်ချိုးပြောင်းလဲသွားပုံကိုရိုက်ကူးပြထားတာပါ။ ဇာတ်ကားနာမည်လေးအတိုင်းပဲ တကယ်ကိုဂိုဏ်းလောကထဲကိုရောက်သွားတဲ့သူတွေရဲ့အဖြစ်သနစ်တွေကိုရိုက်ကူးပြသွားပါတယ်။ ဂျက်ဟာသာမန် မိသားစုလေးတစ်ခုကနေပေါက်ဖွားလာတဲ့ သူတစ်ယောက်ဖြစ်ပြီး လက်ဝှေ့ကစားတာကိုအရမ်းကြိုက်နှစ်သက်ပါတယ်။ လက်ဝှေ့ပညာမှာပါရမီပါပြီး ေ့ရှဆက်ထွန်းတောက်လာမယ့်လမ်းတွေရှိခဲ့ပေမယ့်လည်း ကံကြမ္မာရဲ့အလှည့်အပြောင်းနဲ့ အတူ သူတို့မိသားစုလေးလည်းဘဝတစ်ဆစ်ချိုးသွားရပါတယ်။ လူငယ်ဆိုတာစိတ်ထင်ရာလုပ်မိပြီး လမ်းမှားရောက်သွား တတ်သလိုပဲ ဂျက်ဟာလည်း လက်ဝှေ့ထိုးကောင်းတဲ့သူဖြစ်တဲ့အတွက် လူမိုက်ဂိုဏ်းတစ်ခုရဲ့ပစားပေးချင်ခံရပါ တော့တယ်။ အမှားအမှန်ကိုခွဲခြားနိုင်စဉ်မှာတော့ငြင်းဆန်နိုင်ပေမယ့် တစ်ခုခုကိုရဲ့လွှမ်းမိုးမှုခံလိုက်ရချိန်မှာတော့ စိတ်ထင်ရာလုပ်ပြီး လမ်းမှားကိုတစ်ဖြေးဖြေးဝင်ရောက်သွားတဲ့နောက် ဂျက်တစ်ယောက် ရုန်းထွက်နိုင်ပါ့မလား။ အမေရိကန်ပြည်ထောင်စုက အီတလီလူမိုက်ဂိုဏ်းတွေ အိုင်းရစ်လူမိုက်ဂိုဏ်းတွေ ပါရှန်းလူမိုက်ဂိုဏ်းတွေရဲ့ နယ်မြေလုမှု ၊ စီးပွားရေးဈေးကွက်ရှာဖွေမှု ၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ဘယ်လိုချောက်ချလဲဆိုတာတွေကိုလည်းတွေ့ရမှာပါ။ American Gangster ဇာတ်ကားတွေကိုကြိုက် နှစ်သက်တဲ့သူတွေအတွက်တင်ဆက်ပေးလိုက်ပါတယ်.. Qty - 720P Web-Dl Genre : Action/Drama/Crime Duration : 1Hour and 22 Minutes Translator - Thura Zarni Aung Encoder - Kyaw Ye Aung

ဇာတ်လမ်းအကြောင်း