Rare Objects
ကျောင်းတက်နေဆဲ အမျိုးသမီးငယ်တစ်ယောက်ဟာ တစ်ညတာ အဖြစ်ဆိုးတစ်ခုကြောင့် ဘဝတစ်ဆစ်ချိုး ပြောင်းလဲသွားခဲ့ပါတယ်။ စိတ်ဓာတ်ကျခဲ့ရသလို ကိုယ်ဝန်ဖျက်ချခဲ့ရပြီး အဲဒီနာကျင်မှုတွေကနေ ပြန်နာလန်ထူဖို့ ကြိုးစားနေရတယ်။ ကိုယ့်ဘဝကို ပြန်တည်ဆောက်နိုင်ဖို့ ကျောင်းနားပြီး အမေ့အိမ်ကို ပြန်လာနေရာက ရှေးဟောင်းပစ္စည်းဆိုင်လေးတစ်ဆိုင်မှာ အလုပ်ရသွားပါတယ်။ ဇာတ်လမ်းက ဂျပန်လက်မှုပညာ Kintsugi ရဲ့ အယူအဆနဲ့ ဆက်စပ်ထားတာပါ။ ကျိုးပဲ့သွားတဲ့ အိုးခွက်တွေကို ရွှေနဲ့ပြန်ဆက်ပေးပြီး အက်ကြောင်းနဲ့ ပြုပြင်ထားတဲ့ နေရာတွေကို အဲဒီပစ္စည်းရဲ့ ဘဝအစိတ်အပိုင်းတစ်ခုလို တန်ဖိုးထားကြတယ်။ ကျိုးပဲ့ဖူးတာကြောင့်ပဲ တစ်မျိုးလှပတန်ဖိုးရှိလာနိုင်တယ်ဆိုတဲ့ သဘောပါ။ နာကျင်မှုတွေ ကြုံထားရတဲ့ ဒီမိန်းကလေးကရော ဆိုင်မှာ အလုပ်လုပ်ရင်း လောကရဲ့အလှတရားကို ပြန်ရှာတွေ့နိုင်မလား။
ဇာတ်လမ်းအကြောင်း