ဇာတ်ကားများ ရွေးရန်

The Boy Next Door

2015ဇာတ်ကားအမှတ် 4.9/1091 မိနစ်

The Boy Next Door (2015) IMDb - 4.7/10 မင်းသမီးချော ဂျန်နီဖာလိုပက်စ် ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားနဲ့ Channelmyanmar ပရိတ်သတ်တွေကို မိတ်ဆက်ပေးချင်ပါတယ်..Review လေးကိုကြည့်ရအောင် ဒီ Movie Version က censored ဗားရှင်းဖြစ်တဲ့အတွက် 18+ ဇာတ်ဝင်ခန်းများမပါဝင်ပါဘူး Uncensored ဗားရှင်းကလည်း စာတန်းဖိုင်အခက်အခဲ ဖြစ်တဲ့အတွက် တင်ပေးဖို့သိပ်အဆင်မပြေပါ ဒါကြောင့် ဒီ Movie က ဖြတ်ထုတ်ထားတဲ့ သီးသန့်ဇာတ်ဝင်ခန်းတစ်ခန်းကိုလည်း အပိုလင့် နဲ့တွဲထည့်ပေးလိုက်ပါတယ်..ကြည့်ရတာအရသာပျက်သွားမှာဆိုးလို့ပါ :P ကလဲရ် က အထက်တန်းကျောင်းမှ ဂန္ဒ္ဒဝင်စာပေဘာသာရပ်ကိုသင်ကြားတဲ့ဆရာမတစ်ယောက်ဖြစ်ပြီး ယောက်ကျာၤးနဲ့ကွဲနေတဲ့အတွက်လက်ရှိမှာ အထက်တန်းကျောင်းသားဖြစ်တဲ့ သားဖြစ်သူ ကယ်ဗင်နဲ့အတူတူနေနေပါတယ်..သူမရဲ့သူငယ်ချင်းဖြစ်သူ ကျောင်းမှဒုကျောင်းအုပ်လည်းဖြစ်တဲ့ ဗစ်ကီက ဖောက်ပြန်ခဲ့တဲ့ ယောက်ကျာၤးနဲ့ကွဲရှင်းစေချင်ပေမယ့်ကလဲရ်တို့ ကာယကံရှင်နှစ်ယောက် ကတော့အိမ်ထောင်ရေးကိုပြန်လည်တည်ဆောက်ဖို့ကြိုးစားနေကြပါတယ်..အဲ့ဒီ့နောက်ကလဲရ်တို့ မိသားစုထဲကို နိုဝါ ဆိုတဲ့ကောင်လေးတစ်ယောက်စတင်ဝင်ရောက်လာပါတော့တယ် နိုဝါက ဘေးအိမ်ကိုလာလည်တဲ့အသက်20အရွယ်မိဘမဲ့ကောင်လေးတစ်ယောက်ဖြစ်ပြီး ကလဲရ်ကိုလည်းကူညီတဲ့အတွက်..သူတို့သားအမိနဲ့အတော်လေးရင်းနှီးသွားပါတယ်.. တစ်ရက်တော့..ကယ်လ်ဗင်နဲ့ သူ့အဖေတို့ကျောင်းပိတ်ရက်တစ်ရက်မှာအပျော်တမ်းငါးဖမ်းထွက် သွားကြပါတယ်..ချက်ချင်းပြန်ပေါင်းထုတ်ဖို့တွေဝေနေတဲ့အတွက် မလိုက်ပဲကျန်ခဲ့တဲ့ ကလဲရ်ကို ဗစ်ကီကသူတို့ချိန်းတွေ့တဲ့နေရာကိုအတင်းလာခိုင်းပြီး ဗစ်ကီ့သူငယ်ချင်းဖြစ်တဲ့သူတစ်ယောက် နဲ့မိတ်ဆက်ပေးပါတယ်..အဲ့လိုတွေ့ဆုံပွဲမှာ မိတ်ဆက်ပေးတဲ့သူနဲ့ကလဲရ်တို့ ကတောက်ကဆဖြစ်ပြီး စိတ်တိုတိုနဲ့အိမ်ပြန်လာတဲ့ကလဲရ်က ဘေးအိမ်က နိုဝါ ကို ဖုန်းဆက်ပြီးခေါ်မိပါတယ် နိုဝါ ရောက်လာတဲ့အခါ ညစာအတူတူစားရင်း တစ်ယောက်တည်းစိတ်အားငယ်နေတဲ့အချိန် နိုဝါရဲ့ မြူဆွယ်တဲ့စကားတွေအပေါ်သာယာမိသွားကာ အတူတူအိပ်မိသွားပါတော့တယ် နောက်နေ့မနက်မှာတော့ ကလဲရ်က အသိဉာဏ်ခဏကင်းလွတ်သွားတုန်း ဖြစ်ပျက်ခဲ့တဲ့ သူမရဲ့အမှားအတွက်တောင်းပန်ကြောင်းနဲ့ အဲ့ဒီ့အဖြစ်အပျက်ကိုမေ့ပစ်ဖို့ပြောတဲ့အခါ နိုဝါ က ဒေါသထွက်ကာနံရံကိုလက်သီးနဲ့ထိုးလိုက်ပါတယ်..အဲ့ဒီ့ကစလို့ နိုဝါရဲ့ နဂါးမျက်စောင်း လည်းအသက်ဝင်လာပါတော့တယ် ကလဲရ်ရဲ့အီးမေးလ်ကိုခိုးယူကာ..သူမစာသင်တဲ့အတန်းကိုအတန်းတက်ခွင့်ရအောင်ကျောင်းအုပ်ထံ အကြောင်းကြားစာအတုပို့ပါတယ်.ပြီးတော့ သူတို့နှစ်ယောက်အတူတူချစ်တင်းနှောနေတဲ့ပုံတွေကို မနက်ကျောင်းမဖွင့်ခင် ကလဲရ်ရဲ့စာသင်ခန်းထဲမှာသွားကပ်ထားပါတယ်..ကလဲရ်ကချော့တမျိုး ခြောက်တမျိုးနဲ့ပြောပေမယ့် နောက်မဆုတ်တဲ့အပြင်ပိုဆိုးလာပါတယ် ကလဲရ်က သူ့ယောက်ကျားဖြစ်သူနဲ့အဆင်မပြေအောင်..သားဖြစ်သူ ကယ်ဗင်ကိုသွေးထိုးပေးပါတယ် သွေးထိုးစကားကိုနားယောင်တဲ့ ကယ်လ်ဗင်က သူ့အဖေကျောင်းလာကြိုတုန်း မကျေနပ်တဲ့စိတ်နဲ့ ပြိုင်ကားကိုအရှိန်မြင့်မောင်းရာ ဘရိတ်အုပ်မရပဲကံကောင်းလို့သာသားအဖနှစ်ယောက်လုံးအသက် မသေတာပဲဖြစ်ပါတယ်..ဒီလိုနဲ့ တဖြေးဖြေးဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ဆက်လက် စောင့်ကြည့်ခံစားကြပါ :) (အညွှန်းကို mmmovieguide မှ ကူးယူတင်ပြပါသည် )

ဇာတ်လမ်းအကြောင်း