Land of Gold
ကီရန်ဟာ အမေရိကန်-ပန်ချာဘီ အမျိုးသားတစ်ယောက်ဖြစ်ပြီး မိသားစုအတွက် ကိုယ့်ကိုယ်ကို အနစ်နာခံကာ အမြဲအလုပ်ကြိုးစားနေသူပါ။ ဒါပေမဲ့ အလုပ်တွေနဲ့ပဲ အချိန်ကုန်နေတော့ မိသားစုကို သေချာအချိန်မပေးနိုင်ဘဲ အမေနဲ့ရော ဇနီးနဲ့ပါ စကားအခြေအတင် ဖြစ်လာတယ်။ ဇနီးက ကလေးမွေးခါနီးနေပြီဖြစ်တဲ့အတွက် ဝင်ငွေရှာဖို့ ဘော်စတွန်ကို ကုန်ပို့ခရီး ထွက်လာခဲ့ပါတယ်။ လမ်းမှာတော့ သူ့ကုန်ကားပေါ် အယ်လီနာဆိုတဲ့ မိန်းကလေးတစ်ယောက် ပါလာတာကို တွေ့လိုက်ရတယ်။ ဒီလိုနဲ့ ကိုယ့်မိသားစုအတွက် ရုန်းကန်နေတဲ့ ကီရန်ဟာ အယ်လီနာကိုပါ ကူညီပေးဖို့ အကြောင်းဖန်လာပါတယ်။ ၂၀၂၂ ခုနှစ်ထွက် ဒီဒရာမာမှာ ကီရန်နဲ့ သူ့မိသားစုအကြောင်းအပြင် မိသားစုပြဿနာတွေ၊ ဇနီးမောင်နှံကြားက မပြေလည်မှုတွေနဲ့ ပတ်ဝန်းကျင်ရဲ့ ဖိအားတွေက ကလေးတစ်ယောက်ရဲ့ စိတ်ခံစားမှုကို ဘယ်လောက်လွှမ်းမိုးနိုင်သလဲဆိုတာပါ ပြောပြထားပါတယ်။
ဇာတ်လမ်းအကြောင်း