ဇာတ်ကားများ ရွေးရန်

Notes on a Scandal

2006ဇာတ်ကားအမှတ် 7.1/1092 မိနစ်

ငယ်ရွယ်လှပတဲ့ ဆရာမတစ်ယောက်ဟာ ကိုယ့်ထက်အသက်ကြီးတဲ့ အမျိုးသားနဲ့ အိမ်ထောင်ပြုထားပြီး သားသမီးတွေကို ထိန်းကျောင်းရင်း နေ့ရက်တွေကို ဖြတ်သန်းနေပါတယ်။ ဇနီးတစ်ယောက်၊ မိခင်တစ်ယောက်ရဲ့ တာဝန်တွေကြားမှာ နစ်မြုပ်နေရာက ကိုယ့်ဘဝကိုယ် ငြီးငွေ့နေမှန်းတောင် သတိမထားမိတော့ဘူး။ စာသင်ကျောင်းတစ်ခုမှာ ဆရာမအဖြစ် အလုပ်ဝင်တဲ့အခါ အသက် ၁၅ နှစ်အရွယ် ကျောင်းသားတစ်ယောက်နဲ့ ငြိစွန်းလာပါတယ်။ မဖြစ်သင့်တဲ့ ဆက်ဆံရေးမှန်း သိနေပေမယ့် ဆက်လက်ပတ်သက်နေကြတယ်။ ဒီအကြောင်းကို အခြေခံပြီး ဆရာမအနားမှာ ကူညီအားပေးသလိုနဲ့ ချဉ်းကပ်လာသူတစ်ယောက်လည်း ရှိနေပါတယ်။ အဲဒီသူက ဆရာမအပေါ် တိတ်တဆိတ် မေတ္တာရှိနေသူပါ။ ကူညီပေးချင်သယောင် ပြုမူနေပေမယ့် ဆရာမကို ကိုယ်တစ်ယောက်တည်း ပိုင်ဆိုင်နိုင်ဖို့ အကြံထုတ်လာတဲ့အခါ ဖောက်ပြန်မှုတစ်ခုရဲ့ နောက်ကွယ်မှာ မနာလိုမှုနဲ့ ပိုင်ဆိုင်လိုစိတ်တွေပါ ရောယှက်လာပါတယ်။

ဇာတ်လမ်းအကြောင်း