ဇာတ်ကားများ ရွေးရန်

Critical Thinking

2020ဇာတ်ကားအမှတ် 6.6/10117 မိနစ်

Critical Thinking (2020) IMDb Rating - 6.1/10 ဒီဇာတ်ကားလေးကတော့ဖြစ်ရပ်မှန်ဖြစ်ပြီးတော့ မိုင်ယာမီဂျက်ဆင်အထက်တန်းကျောင်းလေးကနေ နိုင်ငံတော်အဆင့် ချက်စ်ပြိုင်ပွဲမှာအထိအောင်မြင်မှုရသွားတဲ့ ချက်စ်အသင်းလေးအကြောင်းကိုရိုက် ကူးထားတာဖြစ်ပါတယ်။ မိန်းမဆုံးသွားကတည်းက စိတ်ဓာတ်ကျတဲ့အဖေနဲ့အတူတူနေနေရတဲ့ ဆက်ဒရစ် အဖေနဲ့အမေကကွာရှင်း အမေနဲ့အတူတူနေတယ်ဆိုပေမယ့်အိမ်မှာ ငွေရေးကြေးရေး ပြဿနာတွေ အမြဲရှိတဲ့ အီတို ၊ အတန်းထဲမှာ ဉာဏ်ကောင်းတဲ့ ရော်ဒီ ၊ ပတ်ဝန်းကျင်နဲ့ ဘယ်တော့မှာအသားမကျတဲ့ ဂေးလ် သူတို့လေးယောက်ဟာ မိုက်ယာမီဂျက်ဆင်ဆိုတဲ့ အစိုးရကျောင်းလေးက မာရီရိုမာတီနက်ဇ် ဆိုတဲ့ ချက်စ်အတန်းမှာတက်ကြတယ် ၊ သူတို့လေးယောက်လုံးက ထူးချွန်တော့ မာရီရိုဟာ မြို့နယ်ပြိုင်ပွဲတွေ ပြည်နယ်ပြိုင်ပွဲတွေ ယှဉ်ပြိုင်စေချင်တယ် ၊ Public School ဆိုတော့ ပြိုင်ပွဲဝင်ဖို့ စာရင်းပေးသွင်းကြေးတောင် မတတ်နိုင်ဘူး ၊ ဆရာတပည့်တွေ ဒီလိုအခက်အခဲတွေကြားကနေ နိုင်ငံတော်အဆင့်ရောက်တောင်ဘယ်လို တက်လှမ်းကြမလဲဆိုတော့ဆက်လက်ကြည့်ရှုခံစားပေးကြပါဦး။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo Lwin ပဲဖြစ်ပါတယ်။) Quality –  720p WebRip Duration - 1hr 57 min Subtitle – Myanmar Hardsub Format – Mp4 Genre :  Drama Source : 1080p.WebRip Translator – Tin Myo Lwin Encoder – SWM

ဇာတ်လမ်းအကြောင်း