ဇာတ်ကားများ ရွေးရန်

Theppa Samudram

2024ဇာတ်ကား133 မိနစ်

Theppa Samudram 2024 လူပျောက်ရှာပုံတော် IMDb -8.2/10 Plot twistများများနဲ့ တေလဂူ crime drama ကိုနှစ်သက်တဲ့ CM Bollywood ပရိသတ်တွေအတွက် တေလဂူမင်းသားကြီး Arjun Ambatiရဲ့ Crime dramaလေးကို တင်ဆက်ပေးလိုက်ပါပြီ။ ဒီကားလေးထဲမှာတော့ ဖောင်ဒေးရှင်းတည်ထောင်သူအင်ဒူ ၊ အင်ဒူကို တိတ်တခိုးချစ်ရပေမဲ့ ငြင်းခံရမှာကြောက်လို့ပြောမထွက်တဲ့ဗီဂျေးနဲ့ အမှုကိုစုံစမ်းမယ့်SI ဂနေ့ရှ်တို့ပေါင်းပြီး အမှုဖော်ထုတ်ကြပုံကို ကြည့်ရှုခံစားရမှာပါ။ သပ်ပါဆာမူဒရမ်ဆိုတဲ့ရွာလေးမှာ 2006 ခုနှစ်ကစလို့ 6 နှစ်တစ်ကြိမ် ကျောင်းသူလေးတွေ ပျောက်ဆုံးမှုဖြစ်နေပါတယ်။ ရဲဘက်ကလည်း ဟိုလူထင် ဒီလူထင်နဲ့ အမှုမပေါ်တာ အခု 2024 မှာ အန်ဂျလီဆိုတဲ့ကောင်မလေးပါ ထပ်ပြီး ပျောက်ဆုံးသွားတဲ့အထိပါပဲ။ ဘယ်သူမှ မဖော်ထုတ်နိုင်သေးတဲ့ ဒီအမှုကို စုံစမ်းစစ်ဆေးဖို့ဖြစ်လာတာကတော့ SIအသစ်ဂနေ့ရှ် တစ်ဖက်က နယ်သရာဖောင်ဒေးရှင်းအင်ဒူကလည်း ဒီအမှုကိုအစရှာဖို့ကြိုးစားရင်း သူ့ကိုချစ်နေတဲ့ ဗီဂျေးဆိုတဲ့ အော်တိုကားသမားလေးလည်း အမှုထဲပါဝင်လာတဲ့အခါ... တွင်းနက်ကြီးလိုပဲ တစ်စတစ်စ အမှုလိုက်လေ သံသယဖြစ်စရာလူတွေက ပိုများလာလေနဲ့ ဒီလူ 3 ယောက် ပျောက်သွားတဲ့မိန်းကလေးတွေကို ရှာဖွေပြီး တရားခံကိုဖော်ထုတ်နိုင်မလား ရှုစားလိုက်ရအောင်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alex ~ BpL ~ Thura ~ Zwe ~ ToMoတို့ပဲဖြစ်ပါတယ်။) File size… 2.6GB / 1.3GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 13m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  Alex ~ BpL ~ Thura ~ Zwe ~ ToMo

ဇာတ်လမ်းအကြောင်း