ဇာတ်ကားများ ရွေးရန်

I Can Only Imagine

2018ဇာတ်ကားအမှတ် 7.5/10110 မိနစ်

IMDb rating 7.6 အထိရရှိထားတဲ့ 2018ခုနှစ်ထွက် Christian Drama ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ Mercy Me တီးဝိုင်းအဖွဲ့ရဲ့ Best Selling Christian Song ဖြစ်တဲ့ I Can Only Imagine ကိုရိုက်ကူးထားတာဖြစ်ပြီးအဆိုပါသီချင်းဟာ အမေရိကန်နိုင်ငံတွင်နံပါတ် ၁ ချိတ်ခဲ့တဲ့သီချင်းလည်းဖြစ်ပါတယ်။ ဒီသီချင်းကိုသူ့ရဲ့အဖေနဲ့ဆက်ဆံရေးအကြောင်းရေးဖွဲ့ထားခဲ့တဲ့အဆိုပါတီးဝိုင်းအဖွဲ့ရဲ့ Lead Singerလည်းဖြစ်တဲ့ Bart Millard အဖြစ် Michel Finely ကသရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကို ဒေါ်လာရသန်းဖြင့်ရိုက်ကူးထားခဲ့ပြီး ၈၄သန်းအထိပြန်လည်ရရှိခဲ့တာကြောင့် အောင်မြင်တဲ့ဇာတ်ကားလေးလည်းဖြစ်ပါတယ်။ ဒါ့အပြင် အမေရိကန်ပြည်ထောင်စုတွင် တတိယအအောင်မြင်ဆုံးသောMusic Biopic အဖြစ်မှတ်တမ်းဝင်ခဲ့ပါသေးတယ်။ ဝေဖန်ရေးဆရာတစ်ချို့ကတော့ ဒီဇာတ်ကားလေးကို အခြား Faith-Based ဇာတ်ကားတွေနဲ့ယှဉ်ရင် ပိုပြီးစိတ်လွှမ်းမိုးနိုင်တဲ့ တိုးတက်မှုဖြစ်စေတဲ့ကားလေးဖြစ်တယ်လို့ဆိုထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ငယ်စဉ်ဘဝ မိဘတွေအဆင်မပြေမှုတွေကြောင့် မြေစာပင်ဖြစ်ခဲ့ရတဲ့ Bart Millard တစ်ယောက် မိခင်အိမ်ကနေထွက်သွားပြီးတဲ့နောက် ဖခင်နဲ့ပဲနေရတဲ့အခါ ဖခင်စိတ်တိုင်းကျဖြစ်စေချင်တာတွေကိုပဲ သဘောကျဖြစ်အောင်လုပ်ပေးခဲ့ပေမယ့် ကံကြမ္မာကသူ့ကိုလမ်းမှန်ပို့ခဲ့တယ်ဆိုရမလားပဲခြေကျိုးခဲ့ပြီး ဘောလုံးအသင်းကနေ Music Club ကိုရောက်သွားခဲ့ပါတယ်။ ငယ်စဉ်ကတည်းက သီချင်းတွေကိုခုံမင်မြတ်နိုးလာပြီး စိတ်ဉာဏ်ကွန့်မြူးတတ်တဲ့ Bart တစ်ယောက်အတွက်လမ်းမှန်အပေါ်ရောက်စေတဲ့ ပထမခြေလှမ်းလို့ပြောရမှာပါပဲ။ ဒါပေမယ့် အရာရာဟာ အဆင်ပြေပြေဖြစ်သွားတာမဟုတ်ပါဘူး။ ကြိုးစားရုန်းကန်ခဲ့ရတာတွေ စွန့်လွှတ်ခဲ့ရတာတွေလည်းအများကြီးရှိခဲ့တာကိုတွေ့ရမှာပါ။ ဒီကားလေးဟာ I Can Only Imagine ဆိုတဲ့သီချင်းလေးဖြစ်ပုံလာပုံကိုအဓိကထားရိုက်ကူးထားတာဖြစ်ပြီး Music Drama ကြိုက်သူတွေအတွက်သဘောတွေ့စေမယ့်ကားလေးဖြစ်မယ်ဆိုတာလည်း Rating အရသိနိုင်ပါတယ်။ ကြည့်လို့ကောင်းတဲ့ဇာတ်ကားလေးဖြစ်သလို ရသအမျိုးမျိုးလည်းခံစားရနိုင်တဲ့ကားလေးပါ။ ခရစ်ယာန်ဘာသာနဲ့အကျွမ်းတဝင်မရှိတဲ့အတွက် အသုံးအနှုန်းမှားယွင်းဘာသာပြန်ထားမိရင် ခွင့်လွှတ်ပေးကြစေလိုပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုသူရပါ) File Size : (900 MB) and (370 MB) Quality : Blu-Ray 720p Running Time : 1hr 50min Format : Mp4 Genre : Drama, Family, Music Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264.DTS-HDC Translated by Thura Zarni Aung Encoded by Thanhtike Zaw

ဇာတ်လမ်းအကြောင်း