Big George Foreman
Muhammad Ali၊ Joe Frazier တို့နဲ့ ခေတ်ပြိုင် လက်ဝှေ့သမားဖြစ်တဲ့ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ George Foreman ရဲ့ ဘဝအကြောင်းကို ရိုက်ကူးထားတဲ့ အတ္ထုပ္ပတ္တိရုပ်ရှင်ပါ။ ငယ်ငယ်က ဆင်းရဲလွန်းလို့ မုန့်တစ်ခုကိုတောင် မောင်နှမတွေ ခွဲစားခဲ့ရသလို ဒုစရိုက်မှုတွေကြားမှာလည်း ကြီးပြင်းခဲ့ရတယ်။ အဲဒီဘဝကနေ လမ်းမှားမရောက်အောင် သူ့ကို ဆွဲထုတ်ပေးခဲ့တာက လက်ဝှေ့ပါပဲ။ လက်ဝှေ့သမားဘဝရဲ့ အတက်အကျတွေအပြင် ဘာသာရေးယုံကြည်မှုနဲ့ ပတ်သက်ပြီး သူ့စိတ်ထဲမှာ လွန်ဆွဲခဲ့ရတာတွေကိုလည်း ပြထားပါတယ်။ တစ်ချိန်မှာတော့ လက်ဝှေ့လောကကနေ နားပြီး သင်းအုပ်ဆရာအဖြစ် လုပ်ကိုင်ခဲ့တယ်။ ဆယ်နှစ်လောက် နားခဲ့ပြီးမှ ကြိုးဝိုင်းထဲ ပြန်ဝင်လာကာ အသက် ၄၅ နှစ်အရွယ်မှာ အသက်အကြီးဆုံး ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ ဖြစ်လာခဲ့သူပါ။ အသက် ၁၉ နှစ်အရွယ်နဲ့ ၄၅ နှစ်အရွယ်တို့မှာ လက်ဝှေ့လောကကို အံ့အားသင့်စေခဲ့တဲ့ Foreman ရဲ့ဘဝကို Power စီးရီး ရိုက်ကူးခဲ့တဲ့ Tillman Jr. က ရိုက်ကူးထားပါတယ်။
ဇာတ်လမ်းအကြောင်း