ဇာတ်ကားများ ရွေးရန်

To Catch a Killer

2023ဇာတ်ကားအမှတ် 6.8/10119 မိနစ်

နှစ်သစ်ကူးည ဘော်လ်တီမောမြို့မှာ လူတွေ ပျော်ပါးကခုန်နေကြတုန်း ဘယ်ကလာမှန်းမသိတဲ့ ကျည်ဆန်တွေကြောင့် လူအများအပြား အသက်ဆုံးရှုံးသွားပါတယ်။ ဒီအစုလိုက်အပြုံလိုက် လူသတ်မှုကို စုံစမ်းဖို့ စုံထောက်လမာ့ခ် တာဝန်ပေးခံရပြီး သာမန်ရဲတပ်သား အယ်လနောကို သူ့ဘေးမှာ လူယုံတော်အဖြစ် ခေါ်ထားလိုက်တယ်။ အယ်လနောဟာ မူးယစ်ဆေးသုံးစွဲမှုကြောင့် FBI ရဲ့ ပယ်ချမှုကို ခံထားရပေမယ့် လမာ့ခ်ကတော့ သူ့မှာရှိတဲ့ ပါရမီကို မြင်ထားပါတယ်။ သေနတ်သမားက ပစ်မှတ်တစ်ယောက်ကို ကျည်တစ်ချက်နဲ့ အပြတ်ရှင်းနိုင်တဲ့သူဖြစ်ပြီး ခြေရာလည်း ဖျောက်တတ်တယ်။ သေဆုံးသူတွေက လူမျိုးဘာသာ မရွေးဖြစ်နေတာကြောင့် ဘာရည်ရွယ်ချက်နဲ့ ပစ်သလဲဆိုတာလည်း မသိရဘူး။ ကျူးလွန်သူ ဘယ်သူလဲ၊ တစ်ယောက်တည်း လုပ်တာလား၊ အဖွဲ့လိုက်လားဆိုတာ မရှင်းနိုင်သေးခင်မှာပဲ ကုန်တိုက်တစ်ခုမှာ ထပ်ပစ်ခတ်ခံရပါတယ်။ အရင်အမှုက သေနတ်သမားပဲဖြစ်ပြီး ဒီတစ်ကြိမ်မှာလည်း လူအများအပြားကို သတ်ပြီး လွတ်သွားပြန်တယ်။ ကျူးလွန်သူကို မဖမ်းနိုင်တာကြောင့် လမာ့ခ်နဲ့ အယ်လနောတို့ နှစ်ယောက်စလုံး အဖြုတ်ခံလိုက်ရပါတယ်။ ဒါပေမယ့် သူတို့က အမှုကို မလွှတ်ဘဲ နှစ်ယောက်တည်း ဆက်လိုက်ကြတယ်။ သဲလွန်စဆိုလို့ ဘာမှမရှိသလို ထင်ရပေမယ့် တကယ်တော့ အပိုင်းအစတွေက ဟိုတစ်စ ဒီတစ်စ ပြန့်ကျဲနေတာပါ။ အဲဒီအပိုင်းအစတွေကို ဘယ်လိုပြန်ချိတ်ကြမလဲ၊ သေနတ်သမားက ဘယ်သူလဲ၊ နောက်ဆုံးမှာ ဖမ်းမိနိုင်ပါ့မလားဆိုတဲ့ မေးခွန်းတွေ ကျန်နေပါတယ်။ Damián Szifron ရဲ့ ပထမဆုံး အင်္ဂလိပ်စကားပြောရုပ်ရှင်ဖြစ်ပြီး Shailene Woodley နဲ့ Ben Mendelsohn တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းအကြောင်း