ဇာတ်ကားများ ရွေးရန်

Buddha 2: The Endless Journey

2014ဇာတ်ကားအမှတ် 7.6/10120 မိနစ်

IMDb 6.2/10 MyAnimeList 6.9/10 ဒီကာတွန်း​လေးက​တော့ ၂၀၁၁ထွက် Buddha : the great departureရဲ့​နောက်ဆက်တွဲကာတွန်းပါ။ ပထမကား​အပြီး တောထွက်ရာက​နေ သဗ္ဗညုတဥာဏ်ဆိုက်​​ရောက်ပြီး ဗုဒ္ဓမဖြစ်ခင်စပ်ကြား ဒုက္ကရစရိယာကို ပြင်းပြင်းထန်ထန်ကျင့်ကြံခဲ့ပုံ၊ ​ ဂင်္ဂါမြစ်စစ်ပွဲ၊ ​ကောသလနဲ့သကျသာကီတို့ရဲ့ စစ်ပွဲ၊ ဗိမ္မသာရမင်းကြီးနဲ့​တွေ့ဆုံခန်း၊ သာကီဝင်​တွေကျဆုံးခန်း​တွေကို​ဝေ​​ဝေဆာဆာမြင်​တွေ့ရမှာပါ။ တစ်ခု​တော့ရှိပါတယ်။ ဗုဒ္ဓဖြစ်စဥ်ကို​ကျောရိုး​လောက်ပဲယူထားတာမလို့ ​ထေရဝါဒရဲ့ဗုဒ္ဓဝင်နဲ့​တော်​တော်ကိုကွဲပါတယ်။ တချို့ဇာတ်လမ်း​တွေဆိုရင် အသစ်ထည့်တာ​တွေ၊ အချိန်ကွဲတာ​တွေပါပါတယ်။ ဥပမာ ​ကောသလက သကျသာကီ​တွေကိုဝင်တိုက်တဲ့ကာလဟာ အရမ်း​စော​နေတာတို့ပါ။ အပျင်း​ပြေကြည့်မယ်ဆိုမှပဲ ကြည့်ရအဆင်​ပြေမှာပါ။ နို့မို့ဆိုရင် ကျမ်းစာနဲ့မကိုက်ဘူး ဘာဘူးညာဘူးဖြစ်ပြီး စိတ်ညစ်ရပါလိမ့်မယ်။ မှတ်ချက် - နာမည်​တွေကိုတတ်နိုင်သမျှ ကျမ်းစာပါအတိုင်း ​​ရေး​ပေးထားပါတယ် File Size :  1.4 GB, 610 MB Quality : Blu-Ray 1080p / 720p Running Time : 1hr 51min Format : Mp4 Genre : Animation, Adventure, Biography Subtitle : Myanmar Subtitle (Hard Sub) Translated by : Dr.Nyan Encode by : Thit San Khant

ဇာတ်လမ်းအကြောင်း